spot_img

အင်တာမီလန်အသင်းတွင် နည်းပြ ကွန်တီနှင့် လက်တွဲခဲ့ဖူးသည့် လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန်အတွက် ပေါင် ၇၇ သန်းဖြင့် ကမ်းလှမ်းရန် စပါးအသင်း အသင့်ရှိနေ

စပါးအသင်းသည် အသင်းနည်းပြ ကွန်တီနှင့် အင်တာမီလန်အသင်းတွင် လက်တွဲခဲ့ဖူးသည့် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန်အတွက် ပေါင် ၇၇ သန်းဖြင့် ကမ်းလှမ်းရန်အသင့်ရှိနေကြောင်း Sportitalia သတင်းထောက် ပီဒူလ်လာက ပြောကြားခဲ့သည်။

စပါးနည်းပြ ကွန်တီသည် လာမည့်ရာသီသစ်အတွက် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး လက်ရှိတွင် အင်တာမီလန်ဝါရင့်တောင်ပံကစားသမား ပါရီဆစ် နှင့် ဆောက်သမ်တန်အသင်းမှ အင်္ဂလန် ဂိုးသမား ဖရေဆာဖော်စတာတို့ကို ခေါ်ယူထားပြီးဖြစ်သည်။ ထို့ပြင် စပါးအသင်းသည် ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမားကို လည်း ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး ယခုအခါ အသင်းတိုက်စစ်ပိုင်းအတွက် လော်တာရိုမာတီနက်ဇ်ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရသည်။

myan789

စပါးအသင်းသည် မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျေးဇူးကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ၎င်းသည် အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည့်အတွက် အင်တာမီလန်အသင်းတွင် နည်းပြ ကွန်တီ နှင့် လက်တွဲခဲ့ဖူးသည် လော်တာရိုမာတီနက်ဇ် ကို ပြောင်းလဲပစ်မှတ်ထားလာခြင်းဖြစ်သည်။ ကွန်တီသည် အင်တာမီလန်အသင်းတွင် လော်တာရိုမာတီနက်ဇ်နှင့် နှစ်ရာသီလက်တွဲခဲ့ဖူးပြီး ၎င်းသည် ယင်းနှစ်ရာသီအတွင်း ပြိုင် ပွဲစုံ ၉၆ ပွဲတွင် ဂိုး ၄၀ သွင်းယူခဲ့သလို ပြီးခဲ့သည့်ရာသီကလည်း ပြိုင်ပွဲစုံ ၄၇ ပွဲတွင် ၂၅ ဂိုး သွင်းယူနိုင်ခဲ့သည်။

သတင်းထောက် ပီဒူလ်လာက “လော်တာရိုမာတီနက်ဇ်ကတော့ အင်တာမီလန်အသင်းမှာပဲ ဆက်ကစားချင်တာပါ။ ဒါပေမဲ့ စပါးအသင်းက လော်တာရိုမာတီနက်ဇ်ကို ပေါင် ၇၇ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းက ဟာရီကိန်းကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့အတွက် လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ပြီးတော့ ကွန်တီက လော်တာရိုမာတီနက်ဇ်ကို အရမ်းသဘောကျပြီး လိုချင်နေတာကြောင့် စပါးအသင်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားပါလိမ့်မယ်။ လက်ခံ၊ မခံကိုတော့ အင်တာမီလန်နဲ့ လော်တာရိုမာတီနက်ဇ်တို့ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ် သက်တမ်းရှိနေသူဖြစ်ပြီး အသင်းတွင်ဆက်နေလိုကြောင်း ပြောကြားထားသူဖြစ်သည်။ သို့သော် အင်တာမီလန်အသင်းသည် ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို အငှားဖြင့် ပြန်လည်ခေါ်ယူရန်နီးစပ်နေကြောင်း သိရသည်။ ထို့ပြင် အင်တာမီလန်အသင်းအနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန် လော်တာရိုမာတီနက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular