ဂျူဗင်တပ်စ်အသင်းမှ စပါးအသင်းသို့ အငှားလာရောက်ကစားခဲ့သည့် တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးက (၆)လတာခြေစွမ်းအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ဆွီဒင်လက်ရွေးစင်ကစားသမား ကူလူဆက်ဗ်စကီးသည် စပါးသို့ (၁၈)လစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သောကြောင့် လာမည့်ရာသီတွင်လည်း ဆက်ရှိမည်ဖြစ်သည်။
၎င်းက “ဒါဟာ အလွန့်အလွန်အရေးကြီးပါတယ်။ အချိန်တွေ အကုန်မြန်ခဲ့ပြီး အားလုံးရဲ့ ပံ့ပိုးကူညီမှုရရှိခဲ့တာကြောင့်လည်း ပျော်စရာ ကောင်းပါတယ်။ အဲဒီအတိုင်း ရာသီသစ်ပြန်စနိုင်ဖို့လည်း မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
အသက် (၂၂) နှစ်အရွယ်ရှိ ကူလူဆက်ဗ်စကီးသည် ပြီးခဲ့သည့်ရာသီက စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၁၈) ပွဲတွင် (၅) ဂိုးသွင်းကာ ခြေစွမ်းပြကစားနိုင်ခဲ့သည်။
ထို့ကြောင့် စပါးအသင်းသည် အငှားစာချုပ်ပြည့်ပါက ကူလူဆက်ဗ်စကီးကို အပြီးသတ်ခေါ်ယူရန် စီစဉ်နေပြီး ယူရို (၃၅) သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။