PSG အသင်းနှင့် လမ်းခွဲရရန် နီးစပ်နေပြီဖြစ်သော နည်းပြ ပိုချက်တီနိုသည် ဘီလ်ဘာအိုအသင်း၏ နည်းပြသစ်ဖြစ် လာဖွယ်ရှိနေကြောင်း သိရသည်။
ဘီလ်ဘာအိုအသင်းသည် မာဆယ်လီနိုနှင့် လမ်းခွဲပြီးနောက် နည်းပြလက်မဲ့ဖြစ်နေသလို၊ ဇွန်(၂၄)ရက်နေ့၌ ဥက္ကဋ္ဌရွေးကောက်ပွဲ ကျင်းပရန်ရှိနေသည်။
ဥက္ကဋ္ဌသစ်ဖြစ်လာရန် ရေပန်းစားနေသည့် ရီကာဒိုဘာကာလာသည် ရာမွန်ပလာနက်စ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် ရည်မှန်းထားသလို၊ ပိုချက်တီနိုကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ပလာနက်စ်နှင့် ပိုချက်တီနိုတို့သည် စပါးနှင့် အက်စ်ပန်ညိုအသင်းများ တွင် လက်တွဲခဲ့ဖူးသူများဖြစ်ကြောင်းလည်း သိရသည်။