spot_img

ရီးယဲလ်အသင်းနှင့်လမ်းခွဲထားသည့် မာဆယ်လို ဖီနာဘာချီ၊ မာဆေးလ်တို့နှင့် သတင်းထွက်ပေါ်နေ

ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲထားသည့် မာဆယ်လိုသည် တူရကီကလပ် ဖီနာဘာချီ၊ ပြင်သစ်ကလပ် မာဆေးလ်အသင်းများနှင့် ချိတ်ဆက်လျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘရာဇီးလ်ဝါရင့်နောက်ခံလူ မာဆယ်လိုက ဘောလုံးဆက်ကစားသွားမည်ဖြစ်သော်လည်း အနာဂတ်အများကြီးမတွေးထားဟု ရီးယဲလ်မက်ဒရစ်အသင်းနှင့် နှုတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။ အသက် ၃၄ နှစ်အရွယ်ရှိ မာဆယ်လို၏နှုတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်က ကျင်းပခဲ့ပြီး ၎င်းက ကစား သမားဘဝမှ အနားယူဦးမည်မဟုတ်ဟု ဝန်ခံခဲ့ခြင်းဖြစ်သည်။

myan789

“ဒီနေ့ဟာ ရီးယဲလ်အသင်းကို ကျွန်တော် ရောက်ရှိလာပြီးကတည်းက အ ပျော်ဆုံးနေ့တစ်နေ့ပါပဲ။ ဘာကြောင့်လဲဆို တော့ ကျွန်တော်ဟာ အသင်းရဲ့အမွေအနှစ် တစ်ခုအနေနဲ့ ထွက်ခွာခဲ့တာဖြစ်တယ်။ ရီး ယဲလ်အသင်းကို အမြဲတမ်းအားပေးသွားမှာ ပါ။ ဂန္ထဝင်တစ်ယောက်လိုတော့ မခံစားမိပါ ဘူး။ ဘဝဟာ ဒီမှာ အဆုံးမသတ်လို့ပါ။ ဘောလုံးဆက်ကစားသွားမှာဖြစ်ပြီး ယုံကြည်မှု လည်းရှိပါတယ်။ ဒါပေမဲ့ အနာဂတ်ကိုတော့ သိပ်မတွေးထားပါဘူး။ အခက်ခဲဆုံးအရာက နှုတ်ဆက်စကားပြောရတာပါ။ ဒီအသင်းဂျာစီ ကို ဝတ်ဆင်ရတာက အလှပဆုံးပါပဲ”ဟု မာ ဆယ်လိုက ပြောကြားခဲ့သည်။

မာဆယ်လို သည် အသင်း၏ဆုဖလားအများဆုံးကစားသမားဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ငါးကြိမ်၊ လာလီ ဂါ ခြောက်ကြိမ်၊ စူပါဖလား၊ ငါးကြိမ်၊ ဘုရင့်ဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်၊ကလပ်ကမ္ဘာ့ဖလား လေးကြိမ် ရရှိခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular