မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် စပါးအသင်း၏ ခေါ်ယူရန်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ခြေစွမ်းမပြနိုင်ခြင်းကြောင့် ယခုနွေတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ် ခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံတွင် (၅) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
သို့သော် ရပ်ရှ်ဖို့ဒ်အနေဖြင့် နည်းပြသစ်တန်ဟက်ဂ်လက်ထက်တွင် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမည်ဟုThe Times က ဖော်ပြခဲ့သည်။