ဘိုင်ယန်မြူးနစ်အသင်းနှင့် ယခုနွေရာသီတွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားထားသော ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက အပြောင်းအရွှေ့အမြန်ဆုံး အပြီးသတ်လိုပြီး ဘိုင်ယန်မြူးနစ်နှင့် ရာသီကြိုလေ့ကျင့်မှုပင် ပြုလုပ်လိုခြင်းမရှိတော့ဟု ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးက ”ဘိုင်ယန်က ကျွန်တော့်ရဲ့ အချိန်ကာလတွေ ပြီးဆုံးသွားပါပြီ။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို အဲဒီမှာ ရှေ့ဆက်ဖို့ ဘာအခွင့်အရေးမှ မရှိတော့ပါဘူး။ အကောင်းဆုံးဖြေရှင်းနည်းက ထွက်ခွာဖို့ပါပဲ။ ကျွန်တော့်ကို သူတို့ ဆက်ထိန်းမထားဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
သို့သော် ဘိုင်ယန်မြူးနစ်အသင်းက ၎င်းကို ထွက်ခွာခွင့်ပေးလိုခြင်းမရှိဘဲ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ဆက်ထိန်းထားဖွယ်ရှိကြောင်း သိရသည်။