ချယ်လ်ဆီးအသင်းသည် PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာ ကို ခေါ်ယူနိုင်မည့်အသင်းအဖြစ် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
PSGအသင်းသည် ဘာပေကို သက်တမ်းတိုးခဲ့ပြီးနောက် အပြောင်းအလဲများစွာ ပြုလုပ်ရန် စီစဉ်နေရာ နေမာကို သေချာပေါက်ရောင်းထုတ်တော့မည်ဟု မီဒီယာများစွာက ထင်ကြေးပေးနေကြသည်။
ယင်းအတွက် ရောက်ရှိနိုင်သည့်အသင်းကိုလည်း ခန့်မှန်းနေကြရာ ချယ်လ်ဆီးက (ရး၁)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဘာစီလိုနာက ဒုတိယ၊ နယူးကာဆယ်က တတိယနေရာတွင် ရှိနေသည်။