PSG အသင်းနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး မက်ဆီသည် ဘောလုံးဂန္ထဝင် မာရာဒိုနာနှင့် အဆင့်တူကစားသမားဖြစ်ပြီး လာမည့်ရာသီတွင် သူ့အပေါ် ဝေဖန်နေမှုများအား နှုတ်ပိတ်သွားစေရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။
ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းအား အရေးနိမ့်ပြီး PSG အသင်း ပြိုင်ပွဲမှထွက်ခဲ့ရပြီးနောက် အသင်းပရိသတ်များသည် ယခုရာသီတွင် မျှော်လင့်ထားသကဲ့သို့ ခြေစွမ်းမပြနိုင်သည့် မက်ဆီနှင့် နေမာအပေါ် အဓိကပစ်မှတ်ထားခဲ့သည်။
အသက် (၃၄)နှစ်ရှိပြီဖြစ်သူ မက်ဆီသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲကစားပြီး (၉)ဂိုးသာ သွင်းယူနိုင်ခဲ့ကာ (၁၃)ဂိုး ဖန်တီးခဲ့ကြောင်း သိရသည်။