ဝက်စ်ဟမ်းအသင်း၏ နည်းပြ ဒေးဗစ်မွိုက်စ်က ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်သည် ယခုရာသီ၏ အကောင်းဆုံးအင်္ဂလန်ကစားသမားဖြစ်ပြီး ၎င်းကို ရောင်းထုတ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဒက်ကလန်ရိုက်သည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဒေးဗစ်မွိုက်စ်က ပေါင်သန်း(၁၅၀)တန်ကြေးရှိသည့် ကစားသမားဟုလည်း ဆိုခဲ့ဖူးသည်။
ယခုအခါ မွိုက်စ်က ”ယူရို ပြိုင်ပွဲကစပြီး သူက အကောင်းဆုံး အင်္ဂလန်ကစားသမားလို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ အလွန်ကောင်းနေတဲ့ အင်္ဂလန်ကစားသမားတွေ ရှိပါတယ်။ ဥပမာ ဟာရီကိန်းပါ။ ဒါပမေဲ့ ရာသီအစကနေ ကြည့်ရင်တော့ ဒက်ကလန်ရိုက်က အတည်ငြိမ်ဆုံးခြေစွမ်းပြနေသူပါပဲ”ဟု ပြောကြားခဲ့သည်။