spot_img

အေဘရာမိုဗစ်ချ် ဓာတုအဆိပ်သင့်ခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတွင်ပါဝင်သည့် ယူကရိန်းစေ့စပ်ညှိနှိုင်းသူအချို့ ငြင်းဆန်

ယခုလအစောပိုင်း မတ်လ ၃ ရက်က ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်သည် ဓာတုအဆိပ်သင့်ခဲ့သည်ဟု မတ်လ ၂၈ ရက်က သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းသတင်းများနှင့် ပတ်သက်ပြီး ယူကရိန်းဘက်မှ စေ့စပ်ညှိနှိုင်းသူတစ် ဦးဖြစ်သည့် ပိုဒေါယက်က ကောလဟလများစွာ ထွက်ရှိပြီး အမျိုးမျိုးလျှို့ဝှက်ပူးပေါင်းကြံစသည်နေကြောင်း စွပ်စွဲခဲ့သည်။ အခြားယူကရိန်းစေ့စပ်ညှိနှိုင်းသူ အူမယ်ရော့ဗ်ကလည်း ပြည်သူများအနေဖြင့် အတည်ပြုချက် မရှိသည့် သတင်းအချက်အလက်များအပေါ် မယုံကြည်ရန် တိုက်တွန်းခဲ့သည်။

myan789

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ကူဘယ်လာက “လူတိုင်းက သတင်းတွေနဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေမှာ ပြင်းပြတဲ့အာသီသရှိပါတယ်။ ရုရှားနဲ့ ဆွေးနွေးဖို့သွားတဲ့သူတွေကို ဘာမှ မစားမသောက်ဖို့၊ မျက်နှာပြင်တွေကို ထိတွေ့ မိတာမျိုးကို ရှောင်ကြဉ်ဖို့ ကျွန်တော် အကြံပေးခဲ့ပါတယ်” ဟု မကြာသေးမီက နိုင်ငံပိုင် ရုပ်သံနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကမူ ယခုဖြစ်စဉ်သည် အဆိပ်သင့်မှု မဟုတ်ကြောင်းနှင့် အခြားသဘာဝ ဖြစ်စဉ်များသာဖြစ်သည်ဟု Reuters သတင်း ဌာန၏မေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရမှ ယင်းဖြစ်စဉ်အပေါ် တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသော်လည်း အေဘရာမိုဗစ်ချ်သည် အစောပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ပါဝင်ပတ်သက်ခဲ့သော်လည်း ယခုအခါ နှစ်ဖက်ကိုယ်စားလှယ်များသာ ဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

အေဘရာမိုဗစ်ချ်သည် လက်ရှိတွင် အစ္စရေးနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular