ဘာစီလိုနာအသင်းနည်းပြ ဇာဗီက PSG အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အသင်းဖော်ဟောင်းဖြစ်သူ မက်ဆီအနေဖြင့် ဘာစီလိုနာသို့ပြန်လာလိုပါက အမြဲတမ်းတံခါးဖွင့်ထားကြောင်းပြောကြားခဲ့သည်။
ဇာဗီနှင့် မက်ဆီတို့သည် ဘာစီလိုနာအသင်းတွင် ဆယ်စုနှစ်တစ်ကျော် ကြာတွဲဖက်ကစားခဲ့ပြီး အောင်မြင်မှုများစွာရယူနိုင်ခဲ့ကြသူများဖြစ်သည်။
ဇာဗီက ”မက်ဆီအတွက် ဘာစီလိုနာဟာ အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း နည်းပြအဖြစ် သူ (မက်ဆီ)နဲ့စကားတွေပြောချင်ပါသေးတယ်။ ဒါပေမဲ့ လက်ရှိမှာ သူက PSG ကစားသမားပါ”ဟု ဆိုခဲ့သည်။
သို့သော် PSG အသင်းနှင့် (၂)နှစ်စာချုပ်ချုပ်ဆိုထားသည့် မက်ဆီအနေဖြင့် ယင်းစာချုပ်သက်တမ်းကုန်ဆုံးမှသာ ဘာစီလိုနာအသင်းသို့ ပြန်လာဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။