PSG အသင်းသည် အသင်းနည်းပြ ပိုချက်တီနို၏ နေရာတွင် အစားထိုးရန်အတွက် စပါးနည်းပြ ကွန်တီ၊ အာဆင်နယ်နည်းပြ အာတီတာတို့အပါအဝင် နည်းပြ (၉)ဦးကို ပစ်မှတ်ထားနေကြောင်း သိရသည်။
ကာတာသူဌေးများသည် ၂၀၁၁ တွင် PSG အသင်းကို ဝယ်ယူခဲ့ပြီးနောက် အသင်းကို ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ဆန္ဒပြင်းပြလျက်ရှိသည်။ သို့သော် PSG အသင်းသည် ယခုရာသီတွင်လည်း ရီးယဲလ်အသင်းကို ရှုံးနိမ့်ကာပြိုင်ပွဲမှ ထွက်ခွာခဲ့ရခဲ့ပြီး အသင်းပိုင်ရှင်များ၏ ချန်ပီယံလိဂ်အိပ်မက်မှာ ယခုအချိန်ထိ ဖြစ်မလာသေးပေ။
ထို့ကြောင့် PSG အသင်းသည် ယခုရာသီကုန်တွင် နည်းပြ ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ပြီး ဇီဒန်း၊ ကွန်တီ၊ အာတီတာ၊ တန်ဟက်ဂ် အစရှိသည့်နည်းပြများဖြင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။