ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က အသင်းအနေဖြင့် ရထားနှင့် ဘတ်စ်ကား အသုံးပြုခွင့်မရပါက ခုနစ်ယောက်စီးကားကို ကိုယ်တိုင်မောင်းနှင်ပေးမည်ဟု ပြောကြားခဲ့သည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် လိုင်လီအသင်းနှင့်ကစားမည့် အဝေးကွင်းပွဲအတွက် လေယာဉ်စီးခွင့်ရမည်ဖြစ်ကြောင်းလည်း တူဟယ်လ်က အတည်ပြုခဲ့သည်။
”ကျွန်တော် နောက်ဆုံးရထားတဲ့သတင်းအရ ကျွန်တော်တို့အတွက် လေယာဉ်ရှိပါတယ်။ ကျွန်တော်တို့ လေယာဉ်နဲ့ပဲ အသွားအပြန်လုပ်လို့ရပါတယ်။ ရထားနဲ့ မသွားရဘူးဆိုရင်၊ ဘတ်စ်ကားနဲ့မသွားရဘူးဆိုရင် ခုနစ်ယောက်စီးကားကို ကျွန်တော်ကိုယ်တိုင်မောင်းမှာပါ။ လွန်ခဲ့တဲ့နှစ် ၂၀၊ ၃၀ လောက်က ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ကွင်းဘေးကနေ ရှိနေခွင့်ရတဲ့အခါ ဘာလုပ်ချင်လဲလို့မေးရင် ဘယ်အချိန်မှာ ဘာလုပ်ရမလဲလို့ ကျွန်တော် ပြောဖြစ်မှာပါ။ အခု ကျွန်တော်တို့က ဒီနေရာမှာရောက်နေပါပြီ”ဟု ၎င်းက