ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းအနေဖြင့် အနာဂတ်မရေရာသည့်အခြေအနေ ရင်ဆိုင်နေရသော်လည်း ယခုရာသီကုန်ချိန်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။
တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ အနိုင်ရသည့်ပွဲအပြီးတွင် သတင်းထောက်များက အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းစဉ် တူဟယ်လ်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
”သေချာပါတယ်။ ရာသီကုန်အထိ ကျွန်တော်ရှိနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ တစ်နေ့ချင်းအလိုက် စောင့်နေရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးက ပြောင်းလဲနိုင်လို့ပါ။ ဒါပေမဲ့ ဒီအသင်းကို ရောင်းချတော့ယ်ဆိုတာ ကတော့ သေချာတဲ့အခြေအနေပါ။ ကျွန်တော့်ဆီမှာလည်း ခင်ဗျားမှာရှိထားပြီးသား သတင်းအချက်အလက်တွေထက် ပိုတာမရှိပါဘူး။ တစ်နေ့ချင်းအလိုက် ဖြတ်သန်းတာက ဘဝနေထိုင်မှုအတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ အခုတော့ အဲဒီလို
မဖြစ်မနေလုပ်နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်နေတဲ့ အခြေအနေတွေက ကျွန်တော်တို့ လွှမ်းမိုးနိုင်စွမ်းမရှိလို့ပါ။ အဓိကအာရုံစိုက်ထားတာကတော့ ပထမအသင်းအတွက်ပါပဲ။ ဒါပေမဲ့ ချယ်လ်ဆီးဆိုတာ ပရီးမီးယားလိဂ်ရဲ့ ပထမအသင်းဆိုတာထက် အများကြီးပိုပါတယ်။ ဒီအသင်းက ကြီးမားတဲ့သမိုင်းအစဉ်အလာ၊ ရာပေါင်းများစွာသောလူတွေ အားပေးနေကြတဲ့ ထိပ်တန်းကလပ်တစ်ခုပါ။ သူတို့အတွက် အရေးကြီးတာက ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကို ပြသနိုင်ဖို့ပါ”ဟု တူဟယ်လ်က ဆိုသည်။
တူဟယ်လ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လကမှ ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။