spot_img

စစ်ဘေးရှောင် (၈၀)ဦးအတွက် အစားအသောက်များလှူဒါန်းခဲ့သလို အီတလီနိုင်ငံတွင် ခိုလှုံနိုင်ရန် ဂျူဗင်တပ်စ်အသင်း ကူညီပေး

ဂျူဗင်တပ်စ်အသင်းသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် စစ်ဘေးရှောင်လာရသည့် ပြည်သူ (၈၀)ဦးအတွက် အစားအသောက်များလှူဒါန်းခဲ့သလို၊ အီတလီနိုင်ငံတွင် ခိုလှုံခွင့်ရရှိရန်လည်း ကူညီပေးခဲ့ကြောင်း သိရသည်။

ဟန်ဂေရီနယ်စပ်တွင် စစ်ဘေးရှောင်နေသည့် ပြည်သူ (၈၀)ဦးထံသို့ ဂျူဗင်တပ်စ်အသင်းလိုဂိုပါ ကားများဖြင့် အစားအသောက်များ၊ ဆေးဝါးများ နှင့် အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အီတလီနိုင်ငံအတွင်း ခိုလှုံရန်အတွက် အ ဆိုပါကားများဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

myan789

ဂျူဗင်တပ်စ်အသင်း အကူအညီပေးခဲ့သော စစ်ဘေးရှောင်များထဲ၌ အသက် (၆)နှစ်မှ (၁၄)နှစ်ကြားအရွယ် အများအပြားပါဝင်နေသည်။ အဆိုပါကလေးငယ်နှင့် ဆယ်ကျော်သက်များသည် ယူကရိန်း နိုင်ငံ၊ ကိဗ်မြို့၊ ခါကိဗ်မြို့နှင့် အခြားမြို့များရှိ ဘောလုံးသင်တန်းကျောင်းတွင် တက်ရောက်နေကြသူများလည်း ဖြစ်သည်။

ယခုအခါ စစ်ပွဲကြောင့် အဆိုပါကလေးငယ်နှင့် ဆယ်ကျော်သက်များ၏ ဘောလုံးသင်တန်းကျောင်းများမှာ ဗုံးဒဏ်သင့်ပြီး ပျက်စီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဂျူဗင်တပ်စ်အသင်းမန်နေဂျာ အရီဗာဘီနီနှင့် ဆေးအဖွဲ့ခေါင်းဆောင် လူကာစတီဖာနီနီတို့သည် စစ်ဘေးရှောင်များရှိရာသို့ ကိုယ်တိုင်ဦးဆောင်သွားရောက်၍ အကူအညီပေးခဲ့ခြင်းဖြစ်ပြီး အေစီမီလန်အသင်းကလည်း ယူကရိန်းမှ စစ်ဘေးသင့်ပြည်သူများထံ ယူရို (၆၀၀၀၀) လှူဒါန်းထားကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular