spot_img

ကစားသမား ငါးဦး၊ ခြောက်ဦးမှာ မန်ယူအသင်းအတွက် ထပ်ကစားခွင့်မရသင့်ဟု ရွိုင်ကင်း ဝေဖန်

မန်ယူအသင်း၏ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ရွိုင်ကင်းက ကစားသမား ငါးဦး၊ ခြောက်ဦးမှာ အသင်းအတွက် ထပ်မံကစားခွင့်မရသင့်တော့ကြောင်း မန်ချက်စတာဒါဘီပွဲအပြီးတွင် ဝေဖန်ပြောကြားခဲ့သည်။

ယင်းပွဲတွင် Sky Sportsရုပ်သံအတွက် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့သည့် ရွိုင်ကင်းက ”ယူနိုက်တက်နဲ့ပတ်သက်လို့ အဆိုးဆုံးကိစ္စကတော့ သူတို့ လက်လျှော့လိုက်တာပါပဲ။ လက်လျှော့လိုက်တယ်ဆိုတာက တကယ်ခွင့်လွှတ်နိုင်စရာမရှိပါဘူး။ ရှောင်ပုန်းစရာ နေရာလည်းမရှိပါဘူး။ ဒီနေ့မှာ ယူနိုက်တက်ရဲ့အားနည်းချက်၊ ချို့ယွင်းချက်တွေအားလုံးကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ဘောလုံးပွဲမှာ ဘယ်သူမဆို ရှုံးနိမ့်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့လုပ်ခဲ့တဲ့ပုံစံမျိုးနဲ့ ရှုံးနိမ့်တာတော့ မဟုတ်ပါဘူး။ မန်ယူနိုက်တက်အတွက် ကစားနေတဲ့အချိန်မှာ နောက်ကိုပြန်မပြေးတဲ့ ကစားသမားတွေကို လက်မခံနိုင်ပါဘူး။ သူတို့က အရှုံးပေးဖို့ ပဝါကို ကိုယ်တိုင်ပစ်ခဲ့တာ ရှက်စရာကောင်းပါတယ်။ သူတို့က တခြားအသင်းတွေရဲ့နောက် တော်တော်ဝေးဝေးကို ရောက်နေပါပြီ။ ကိုယ့်ရဲ့မာနဆိုတာ တချို့အဆင့်တွေမှာ ထုတ်ဖော်ပြနိုင်ရပါမယ်။ အဲဒါကိုကြည့်နေရတာ တကယ်စိတ်ပျက်ပါတယ်။ ဘယ်သူမဆို အမှားလုပ်နိုင်ပါတယ်။ အမှားတွေကိုလည်း ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ကိုပြန်မပြေးတဲ့ ငါးဦး၊ ခြောက်ဦးလောက်ကတော့ မန်ချက်စတာယူနိုက်တက်အတွက် ဘယ်တော့မှ ထပ်ကစားခွင့်မရသင့်တော့ဘူး”ဟု ဝေဖန်ပြောကြားသည်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular