spot_img

ဂျူဗင်တပ်စ်အသင်း၌ရှိစဉ် အထောင်တိုက်စစ်မှူးနေရာကစားရန် စီရော်နယ်လ်ဒို ငြင်းဆန်ခဲ့ကြောင်း နည်းပြဟောင်း ဆာရီ ဖွင့်ဟ

ဂျူဗင်တပ်စ်အသင်း၌ရှိစဉ် အထောင်တိုက်စစ်မှူးနေရာကစားရန် စီရော်နယ်လ်ဒို ငြင်းဆန်ခဲ့ဖူးကြောင်း လက်ရှိတွင် လာဇီယိုအသင်းကို ကိုင်တွယ်နေသည့် နည်းပြဟောင်း ဆာရီက ဖွင့်ဟခဲ့သည်။

ကာဂလီယာရီအသင်းအား အဝေးကွင်း၌ (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်အပြီး စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် အထောင်တိုက်စစ်မှူးနေရာကစားရန် ငြင်းဆန်ခဲ့ဖူးသလားဟု သတင်းထောက်များ၏မေးမြန်းမှုကို ဆာရီက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

myan789

“ကျွန်တော်နဲ့အတူရှိခဲ့တဲ့ ဘောလုံးရာသီမှာ ခရစ္စတီယာနိုဟာ တခြားရာသီတွေထက် ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ အသင်းက အရေးပေါ်လိုအပ်တဲ့ အခြေအနေမျိုး မှာ သူက ပွဲတချို့မှာ အထောင်တိုက်စစ်မှူးနေရာကစားဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဒီနေရာမှာ ပုံမှန်ကစားရတာမျိုးကို မနှစ်သက်ပါဘူး။ ဒီလိုအခြေအနေတွေက နိဂုံးချုပ်လိုက်တော့ ကစားသမားအတွက် စိန်ခေါ်မှုများပါတယ်။ ရော်နယ်လ်ဒိုဟာ Wider Position နဲ့ကစားရတဲ့ ဘောလုံးရာသီဆို (၃၅)နဲ့ (၄၀)ဂိုးအကြား သွင်းယူနိုင်ပါတယ်။ ဒါဟာ သူ့ရဲ့ကိုးရိုးကားရားနိုင်တဲ့ တောင်းဆိုမှုတစ်ခုဖြစ်ပေမဲ့ သူကစားတဲ့ပုံစံအတိုင်းဆိုရင် လက်ခံနားလည်နိုင်ပါတယ်” ဟု ဆာရီက ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်း၌ ဆာရီ၏လက်အောက်တွင် ပြိုင်ပွဲစုံ (၄၆)ပွဲကစားပြီး (၃၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ၂၀၁၉-၂၀ ရာသီ စီးရီးအေ၌ (၃၃)ပွဲကစားကာ (၃၁)ဂိုးအထိ သွင်းယူထားပြီး (၈)ဂိုး ဖန်တီးပေးခဲ့ကြောင်း သိရသည်။

ဆာရီက ကာဂလီယာရီနှင့်ပွဲအပြီးတွင် သူ၏လာဇီယိုအသင်း ပေးဂိုးနည်းလာသည့်အတွက် ပျော်ရွှင်ကျေနပ်မိကြောင်းလည်း ဝန်ခံခဲ့သည်။ “ရာသီအစကထက် ပေးဂိုးနည်းလာလို့ ကျွန်တော့်အနေနဲ့ ပျော်ရွှင်မိပါတယ်။ ဘောလုံးဟာ ဟန်ချက်ညီနေရပါမယ်။ ၃ ဂိုးသွင်းပြီး ၃ ဂိုးပြန်ပေးရတဲ့ အသင်းတစ်သင်းအတွက် အရွေ့မရှိနိုင်ပါဘူး။ ပင်ကိုအားဖြင့် ကျွန်တော်က တိုက်စစ်အားသန်အသင်းတစ်သင်းကို တည်ဆောက်တာပါ။ ဒါပေမဲ့ လတ်တလောမှာ Clean Sheet ရလဒ်တွေရလာလို့ ဝမ်းသာမိပါတယ်” ဟု ဆာရီက ပြောကြားခဲ့သည်။

ဆာရီ၏လာဇီယိုအသင်းသည် ယခုရာသီ စီးရီးအေတွင် (၅၇)ဂိုး သွင်းယူထားပြီး အင်တာ (၆၀ ဂိုး)ပြီးနောက် ဒုတိယအများဆုံးဖြစ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular