အင်တာမီလန်အသင်းသည် ရွှေ့ဆိုင်းထားရသည့် ဘိုလော့ဂ်နာအသင်းနှင့်ပွဲအား (၃-၀) ဂိုးရလဒ်ဖြင့် အနိုင်ပေးရန် အယူခံဝင်ထားသော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
စီးရီးအေပွဲစဉ် ၂၀ ဖြစ်သည့် ဘိုလော့ဂ် နာ-အင်တာမီလန်ပွဲကို ဇန်နဝါရီ ၆ ရက်က ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း ဘိုလော့ဂ်နာအသင်းတွင် COVID-19 Positive တွေ့ရှိသူ များပြားနေသဖြင့် ဒေသကျန်းမာရေးအာဏာပိုင်အဖွဲ့က ပွဲကစားခွင့်မပြုဘဲ တားမြစ်ခဲ့ခြင်းဖြစ်သည်။
အင်တာမီလန်အသင်းက ယင်းဖြစ်ရပ်ကြောင့် ပွဲအားပြန်မကစားဘဲ (၃-၀) ဂိုးရလဒ်ဖြင့် အနိုင်ပေးရန် အယူခံကော်မတီထံ အယူခံဝင်ခဲ့သော်လည်း ပယ်ချခံရခြင်းဖြစ်ပြီး ပြန်ကစားမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။