PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ကြာသပတေးနေ့က အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ရီးယဲလ်နှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
နေမာသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက အနားယူနေခဲ့ရသူဖြစ်ပြီး PSG အသင်း၏ ပွဲစဉ်(၁၂)ပွဲကို လွဲချော်ခဲ့ရသည်။
ယခုအခါ လေ့ကျင့်မှုပြန်လုပ်နိုင်ပြီ ဖြစ်သော်လည်း နည်းပြ ပိုချက်တီနိုက ရန်းစ်နှင့်ပွဲတွင် အသုံးပြုမည်မဟုတ်ဘဲ ရီးယဲလ်နှင့်ပွဲအတွက်မူ စောင့်ကြည့်သွားမည်ဟု ဆိုခဲ့သည်။
နေမာသည် ယခု ရာသီတွင် ပြိုင်ပွဲစုံ(၁၄)ပွဲကစားပြီး (၃)ဂိုးသွင်း၊ (၃)ဂိုးဖန်တီးပေးထားသည်။