Sky Sports တွင် ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝက်စ်ဟမ်းအသင်းမှ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်အပေါ် မိမိ၏ အကဲဖြတ်မှုမှာ စောလွန်း၍ မှားယွင်းခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ဂယ်ရီနဗီးလ်သည် လွန်ခဲ့သည့် (၁၁) နှစ်က ဒက်ကလန်ရိုက်ကို အကဲဖြတ်ခဲ့ရာတွင် စိတ်လှုပ်ရှားစရာကောင်းသည့် လူငယ်ကစားသမားဟုသာ သုံးသပ်ခဲ့ပြီး လက်ရှိအချိန်တွင် ပြီးပြည့်စုံသည့်ကစားသမား ဖြစ်နေပြီဟု ဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြောင်းရွှေ့ကြေးပေါင် သန်း(၁၀၀)ဟု ဝက်စ်ဟမ်းအသင်း သတ်မှတ်ထားသည့် ဒက်ကလန်ရိုက်ကို မန်ယူအသင်း အရခေါ်ယူသင့်သည်ဟုလည်း ဂယ်ရီနဗီးလ်က တိုက်တွန်းခဲ့သည်။