spot_img

ဂရင်းဝုဒ်နှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းအားလုံးကို မန်ယူအသင်း၏ Online Shop ဝက်ဘ်ဆိုက်မှ ဖယ်ရှား

အတူနေချစ်သူ ဟားရီးယက်ရော့ဘ်ဆင်အား အကြမ်းဖက်မှု၊ မုဒိမ်းကျင့်မှုစွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ထားသည့် လူငယ်တိုက်စစ်ကစားသမား ဂရင်းဝုဒ်နှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းအားလုံးကို မန်ယူအသင်းက Online Shop ဝက်ဘ်ဆိုက်မှ ဖယ်ရှားခဲ့ကြောင်း သိရသည်။

ဂရင်းဝုဒ်အမည်ပါ အသင်းဂျာစီအား ဝယ်ယူထားသည့် ပရိသတ်များက ငွေပြန်အမ်းပေးရန် တောင်းဆိုမှု၊ အသင်းဖော်များဖြစ်သည့် စီရော်နယ်လ်ဒို၊ ပေါ့ဘာ၊ ဒီဟေးယား၊ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်၊ ဒါလော့တို့က လူမှုကွန်ရက်တွင် Unfollow ပြုလုပ်မှု၊ Nike အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက စပွန်ဆာစာချုပ်ကို ရပ်ဆိုင်းထားမှုများလည်း ရှိလာခဲ့သည်။

myan789

မန်ယူအသင်း၏ရင်ဘတ်စပွန်ဆာ Team Viewer က ယခုဖြစ်စဉ်အပေါ် အနီးကပ်စောင့်ကြည့်နေသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အသင်းစပွန်ဆာတစ်ခုဖြစ်သည့် Cadbury က ထုတ်ကုန်ကြော်ငြာများတွင် ဂရင်းဝုဒ်၏ပုံကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

ဂရင်းဝုဒ်သည် အသက်ခြောက်နှစ်အရွယ်ကတည်းက မန်ယူအသင်းသို့ ရောက်ရှိခဲ့သည့် ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး ဟားရီးယက်နှင့်လည်း အထက်တန်းကျောင်းတက်စဉ်ကတည်းက တွဲခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်က အိုက်စလန်တွင် အမျိုးသမီးနှစ်ဦးကို ဟိုတယ်သို့ ခေါ်ယူခဲ့ခြင်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှ အိမ်ပြန်ပို့ခံရသည့်အတွက် ဂရင်းဝုဒ်နှင့် ဟားရီးယက်တို့ အခိုက်အတန့်ပြတ်စဲခဲ့သော်လည်း လပိုင်းအတွင်းပြန်လည်အဆင်ပြေခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular