ချယ်လ်ဆီးအသင်းသည် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာအား အသင်း၏စည်းမျဉ်းကို ချိုးဖျက်ကာ ၎င်း၏ဆန္ဒအတိုင်း (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းနှင့်ချုပ်ဆိုထားသည့် အက်ဇ်ပီလီကွယ်တာ(၃၂ နှစ်)၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် အသက်(၃၀)အထက် ကစားသမားများကို တစ်နှစ်ချင်းစီသာ စာချုပ်သက်တမ်းတိုးလေ့ရှိသော်လည်း အသင်းစည်းမျဉ်းကိုချိုးဖျက်ကာ အက်ဇ်ပီလီကွယ်တာကို အသင်းတွင်ဆက်ထိန်းရန်စီစဉ်နေကြောင်း သိရသည်။