အာဆင်နယ်အသင်းသည် နည်းပြ အာတီတာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းမှာ လက်ရှိအချိန်တွင် ပြိုင်ပွဲစုံ(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသော်လည်း အာဆင်နယ်အသင်းတာဝန်ရှိသူများက အာတီတာ၏ ဦးဆောင်မှုကို ကျေနပ်နေသည့်အတွက် သက်တမ်းတိုးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အာတီတာကို အာဆင်နယ်အသင်းက လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးရန် ယခုရာသီအတွင်း ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရသည်။