ရိုးမားအသင်းနည်းပြ မော်ရင်ဟို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် ယခုဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူခြင်း မရှိသေးသော်လည်း အပြောင်းအရွှေ့မပိ်တ်သိမ်းမီ ဘာမဆိုဖြစ်နိုင်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ”အပြောင်းအရွှေ့က ဇန်နဝါရီ (၃၁)ရက်မှ ပိတ်မှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားသစ် ခေါ်မယ်၊ မခေါ်ဘူး ပြောလိုက်ရင် မှားသွားပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။