ချယ်လ်ဆီးအသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်သည် လိုင်ယွန်အသင်းထံ အငှားချထားသည့် ဘယ်နောက်ခံလူ အီမာဆင်ကို ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းတွင် ခံစစ်ဘယ်ခြမ်း၌ ဒဏ်ရာရကစားသမားများ ရှိနေခြင်း၊ အဲဗာတန်မှ ဒစ်ဂ်နေးကို ခေါ်ယူရန် ကြိုးပမ်းမှု အဆင်မပြေနိုင်ခြင်းတို့ကြောင့် အီမာဆင်ကို အငှားစာချုပ်ဖျက်သိမ်း၍ ပြန်လည်ခေါ်ယူရန် တူဟယ်လ်က ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အီမာဆင်(၂၇ နှစ်)သည် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပွွဲ(၇၀)ကျော် ကစားပေးထားသူဖြစ်သည်။