အသက် (၂၄)နှစ်အရွယ်အင်္ဂလန်ကစားသမား မိန့်လန်းနိုင်းစ်က မော်ရင်ဟိုကြောင့် အာဆင်နယ်မှ ရိုးမားအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
မိန့်လန်းနိုင်းစ်သည် (၆)လအငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ” ကျွန်တော့်အတွက် အကောင်းဆုံးခံစားချက်ပါပဲ။ ကျွန်တော်ဘယ်လိုလူစားလဲဆိုတာ ပြသချင်ပါတယ်။ မော်ရင်ဟိုလို နည်းပြကောင်းတစ်ဦးနဲ့ ဆုံခွင့်ရမှာဖြစ်လို့လည်း ရိုးမားကို ပြောင်းရွှေ့လာတာပါ” ဟု ပြောကြားခဲ့သည်။
မိန့်လန်းနိုင်းစ်သည် ရိုးမားအသင်းတွင် အင်္ဂလန်ကစားသမားဖြစ်သည့် တိုက်စစ်မှူး အေဘရာဟမ်၊ နောက်ခံလူ စမောလင်းတို့နှင့် ဆုံတွေ့မည်ဖြစ်သည်။