spot_img

စီးရီးအေ ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ နှင့် အင်တာမီလန် (ကြာသပတေး ညနေ ၆:၀၀ နာရီ)
အင်တာမီလန်က စီးရီးအေ ဘယ်လိုပြိုင်ဘက်တိုင်းကိုမဆို ချေမှုန်းနိုင်တဲ့အနေအ ထားမျိုး ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ ဖောင်ဖျက်လာမယ့် ဘိုလော့ဂ်နာကစားပုံကြောင့် အင်တာ မီလန်ရဲ့ အနိုင်ရလဒ်က ပြတ်သားဖို့တော့ မလွယ်လောက်ဘူးထင်တယ်။ ဘိုလော့ဂ်နာနဲ့ စွန့်စားတာပိုကောင်းမယ်။

ဆမ်ဒိုးရီးယား နှင့် ကာဂလီယာရီ (ကြာသပတေး ညနေ ၆:၀၀ နာရီ)
လက်ရှိခြေစွမ်းအရ ဆမ်ဒိုးရီးယားက ပိုကောင်းပြီး ကာဂလီယာရီကတော့ နောက်ဆုံး (၄)ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ပွဲက (၃)ပွဲအထိ ရှိခဲ့တယ်။ နောက်ဆုံး (၃)ပွဲ ထိပ်တိုက်တွေ့ဆုံမှုမှာ ကာဂလီယာရီ မရှုံးခဲ့ပေမဲ့ ဒီပွဲတော့ ဆမ်ဒိုးရီးယားအသင်းနဲ့ပဲ ရပ်တည်သင့်ပါတယ်။

myan789

လာဇီယို နှင့် အမ်ပိုလီ ((ကြာသပတေး ည ၈:၀၀ နာရီ)
အမ်ပိုလီရဲ့ အခုရာသီခြေစွမ်းက အားရစရာဖြစ်ပြီး နောက်ဆုံး (၆)ပွဲမှာ အေစီမီလန်တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ခဲ့တယ်။ လာဇီယိုကလည်း ဒီပွဲပြီးရင် အင်တာမီလန်၊ အတ္တလန်တာတို့လို ထိပ်သီးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အမှတ်ရဖို့ အားစိုက်ကစားမှာပါ။ ဒါ့အပြင် အမ်ပိုလီနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၆)ပွဲ ဆက် လာဇီယို အနိုင်ရခဲ့တယ်။ နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပြီး လာဇီယို အနိုင်ကစားသွားပါလိမ့်မယ်။

စပီဇီယာ နှင့် ဗီရိုနာ (ကြာသပတေး ည ၈:၀၀ နာရီ)
ရလဒ်တွေတောက်လျှောက်ဆိုးရွားနေတဲ့ စပီဇီယာက နောက်ဆုံးပွဲမှာ နာပိုလီကို အံ့အားသင့်ဖွယ် အနိုင်ယူလိုက်တယ်။ ဗီရိုနာက အဝေးကွင်းညံ့တဲ့ အသင်းဖြစ်ပြီး စပီဇီယာ အနိုင်ရဖို့ များပါတယ်။

အတ္တလန်တာ နှင့် တိုရီနို (ကြာသပတေး ည ၁၀:၀၀ နာရီ)
အတ္တလန်တာက စီးရီးအေနောက်ဆုံး (၁၂)ပွဲမှာ (၁)ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး ဂိုးမသွင်းနိုင်တဲ့ပွဲကလည်း တစ်ပွဲပဲရှိခဲ့တယ်။ ဇာပါတာ၊ အီလီချစ်တို့ ဦးဆောင်တဲ့ တိုက်စစ်ကလည်း သွင်းဂိုးတွေအတွက် သိပ်မခက်ခဲပါဘူး။ တိုရီနိုက အလယ်အလတ်အသင်း တစ်သင်းသာဖြစ်တယ်။ အဝေးကွင်းဆို တိုရီနိုအသင်းကစားပုံ သိသိသာသာကျဆင်းတတ်ပြီး အခုရာသီ အဝေးကွင်းနိုင်ပွဲလည်း (၁)ပွဲသာရသေးတယ်။ အတ္တလန်တာ ဂိုးပြတ်နိုင်မယ်။

ဆာဆူအိုလို နှင့် ဂျီနိုအာ (ကြာသပတေး ည ၁၀:၀၀ နာရီ)
ဂျီနိုအာက တန်းဆင်းဇုန်ထဲမှာ ရုန်းလေ၊ နစ်လေ ဖြစ်နေပြီး စီးရီးအေ နောက်ဆုံး (၁၆)ပွဲဆက်လည်း နိုင်ပွဲပျောက်ဆုံးနေတယ်။ ဆာဆူအိုလိုကလည်း ပြီးခဲ့တဲ့ ရာသီကထက် ခြေစွမ်းကျ ဆင်းလာတဲ့ အသင်းပါ။ စီးရီးအေနောက်ဆုံး (၉)ပွဲမှာ (၂)ဂိုးနဲ့ အထက် ဂိုးပေးထားရတဲ့ပွဲက (၇)ပွဲအထိရှိပြီး ခံစစ်ကဆိုးဆိုး ရွားရွားဖြစ်နေတယ်။ ဂျီနိုအာ တစ်မှတ်မျှော်လင့်နိုင်ပြီး ဂိုးများ နိုင်ပါတယ်။

အေစီမီလန် နှင့် ရိုးမား (ကြာသပတေး ည ၁၂:၀၀ နာရီ)
နောက်ဆုံးအဝေးကွင်း အတ္တလန်တာ နဲ့ပွဲမှာ အေဘရာဟမ် နှစ်ဂိုးသွင်းခဲ့တယ်ဆိုပေမဲ့ ရိုးမားအသင်းတိုက်စစ်ကို သိပ်ပြီးယုံကြည်လို့မရသေးဘူး။ အေစီမီလန်ကတော့ ဒဏ်ရာပြ ဿနာတွေကြားမှာ ဒီဇင်ဘာလမတိုင်မီလောက်က အသင်းလိုက်ယုံကြည်မျိုး မရှိတော့တာ သေချာနေပြီး ရိုးမားအသင်း ရလဒ်တွေပြန်ကောင်းနေတာကြောင့် အိမ်ရှင် အခက်အခဲတွေ့ ဦးမယ်ထင်တယ်။ ရိုးမားကိုပဲ ရွေးချယ်ချင်တယ်။

ဆလာနီတာနာ နှင့် ဗင်နီဇီယာ (ကြာသပတေး ည ၁၂:၀၀ နာရီ)
ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဆလာနီတာနာရဲ့ အနေအထားက စိတ်ပျက်စရာပါပဲ။ ဗင်နီဇီယာကတော့ ဆလာနီတာနာထက် သာပါတယ်။ ပထမအကျော့ရှုံး ကြွေးပြန်ဆပ်ဖို့ ကြိုးစားမယ့် ဗင်နီဇီယာကို ကြိုက်တယ်။

ဂျူဗင်တပ်စ် နှင့် နာပိုလီ (ကြာသပတေး ည ၂:၁၅ နာရီ)
ရာသီဝက်ကာလ ဂျူဗင်တပ်စ်အသင်းက ရလဒ်တွေ ပြန်တက်လာချိန်မှာ နာပိုလီ ကတော့ အကျပိုင်းကို ရောက်နေတယ်။ ဂျူဗင်တပ်စ်အသင်းမှာ သိသိသာသာပြောင်းလဲသွား တာက ခံစစ်စွမ်းဆောင်ရည်ပဲဖြစ်ပြီး နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ Clean Sheet ရထားတယ်။ နာပိုလီအသင်း စီးရီးအေနောက်ဆုံးရှစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရခဲ့ပေမဲ့ အဝေးကွင်း မှာတော့ အရမ်းကြီးဆိုးရွားသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဒီရာသီအဝေးကွင်းပွဲစဉ်တွေ မှာ အင်တာတစ်သင်းတည်းကို အရေးနိမ့်ထားတဲ့ နာပိုလီရဲ့အနေအထားကိုလည်း သတိပြုရမယ်။ နာပိုလီနဲ့ စွန့်စားချင်တယ်။

ဖီအိုရင်တီးနား နှင့် အူဒီးနီးစ် (ကြာသပတေး ည ၂:၁၅ နာရီ)
ဖီအိုရင်တီးနားက စီးရီးအေ အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ရခဲ့တယ်။ ဒါ့အပြင် ဗလာဟိုဗစ်ဦးဆောင်တဲ့ တိုက်စစ်ကလည်း အနိုင်ရတဲ့ပွဲတိုင်း (၃)ဂိုးနဲ့အထက်သွင်းခဲ့တာပါ။ အူဒီးနီးစ် ရုန်းကန်လာဖို့ရှိပေမဲ့ ဖီအိုရင်တီးနား ရလဒ်ကောင်းပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular