spot_img

PSG ကို ရှုံးနိမ့်ခဲ့သဖြင့် စိတ်ပျက်ရပြီး လာမည့်ရာသီတွင် ပိုကောင်းအောင်ကစားပြမည်ဟု ဂတ်စ်ပါရီနီ ဆို

အတ္တလန်တာနည်းပြ ဂတ်စ်ပါရီ နီက မိမိတို့အသင်းသည် PSG နှင့်ပွဲ တွင် ပွဲပြီးခါနီးသွင်းဂိုးများကြောင့် ရှုံးနိမ့်ခဲ့သဖြင့် စိတ်ပျက်ရပြီး လာမည့်ရာသီတွင် ယခုထက်ပိုကောင်းသည့် ခြေစွမ်းဖြင့် ကစားပြမည်ဟု ပွဲအပြီး တွင် ပြောကြားခဲ့သည်။

အတ္တလန်တာအသင်းသည် ပါရှာလစ်၏ (၂၆)မိနစ်တွင် သွင်းယူခဲ့သည့် သွင်းဂိုးဖြင့် ပွဲချိန်မိနစ်(၉၀)အထိ ဦးဆောင်နိုင်ခဲ့ပြီး ထပ်ဆောင်းအချိန်ပိုတွင်မှ ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးရကာ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

myan789

ဂတ်စ်ပါရီနီက “ကျွန်တော်တို့ အရမ်းစိတ်ပျက်ရပါတယ်။ ဆီမီးဖိုင်နယ်ရောက်ပြီလို့ စိတ်ထဲမှာ ခံစားနေရတာပါ။ အဲဒီလိုရောက်ခဲ့ရင် အတိုင်း ထက်အလွန်ဖြစ်မှာပါ။ ဒါပေမယ့် မရောက်ခဲ့တော့လည်း ကျွန်တော်တို့ လုပ်ပြခဲ့တာကို အံ့မခန်းလို့ သတ်မှတ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ လာမယ့်ရာသီမှာ ဒီထက် ပိုတိုးတက်ချင်ပါတယ်။ ရလဒ်ကို ပြောတာမဟုတ်ပါ ဘူး။ ဒါက အရမ်းခက်ခဲတဲ့အရာပါ။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့က ခြေစွမ်းပိုကောင်းအောင် ကစားပြပါမယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂတ်စ်ပါရီနီက မိမိတို့အသင်းသည် ခြေစွမ်းကောင်းပြသနိုင်ရေးကို အဓိကဦးစားပေးကြောင်း ဖွင့်ဟခဲ့သည်။

၎င်းက “ကျွန်တော်တို့ ဒီ ရာသီကို အဆင့်(၃)နဲ့ သိမ်းခဲ့ပြီး (၂) ရာသီဆက် လုပ်နိုင်တာဖြစ်ပါတယ်။ နောက်ရာသီမှာ စကူဒက်တိုဖလား ရည်မှန်းယှဉ်ပြိုင်မှာတော့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ ရည်ရွယ်တာက အသင်းကို တည်ဆောက်ဖို့၊ တိုးတက်ဖို့ ဖြစ်ပါတယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular