spot_img

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူသွားရန် မန်ယူအသင်းအား နည်းပြ ရာ့ဖ်ရန်းနစ်တွန်းအားပေးနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလ (သို့မဟုတ်) ယခုရာသီကုန်တွင် မာစီယဲလ်အသင်းမှထွက်ခွာမည်

မန်ယူအသင်းနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံထားရသူ ရာ့ဖ်ရန်းနစ်သည် ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟော်လန်းကို ခေါ်ယူရန်အတွက် အသင်းအားတွန်အား ပေးလျက်ရှိကြောင်း သိရသည်။

ရန်းနစ်သည် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းအား မန်ယူအသင်းသို့ ခေါ်ယူနိုင်ရန်အတွက် သူ၏ဖခင်ဖြစ်သူ အင်ဂဲဟော်လန်းနှင့် ပြောဆိုဆွေးနွေးထားပြီးဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

myan789

ရန်းနစ်သည် သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းတွင် ဘောလုံးဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဟော်လန်းအား အသင်းသို့ခေါ်ယူရာတွင် နော်တင်ဟမ်၊ လိဒ်စ်နှင့် မန်စီးတီးကစားသမားဟောင်းဖြစ်သူ အင်ဂဲဟော်လန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသောကြောင့် ၎င်းတို့အကြား ရင်းနှီးသောဆက်ဆံရေး ရှိခဲ့ကြသည်။

သို့ဖြစ်ရာ ရန်းနစ်သည် လာမည့်နှစ်တွင် ဟော်လန်းအား မန်ယူအသင်းသို့ ခေါ်ယူနိုင်ရေးအတွက် သူ၏ဖခင်ဖြစ်သူကို တွန်းအားပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေါ့မွန်အသင်းနှင့် ဟော်လန်း၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး သူ၏အသင်းမှထွက်ခွင့်လျော်ကြေးမှာ ပေါင် (၆၈)သန်းဖြစ်ကြောင်း သိရသည်။

ဟော်လန်းအားခေါ်ယူရန် မန်ယူအသင်းနည်းပြဟောင်း ဆိုးလ်ရှားက ကြိုးပမ်းခဲ့ဖူးပြီး အောင်မြင်မှုမရခဲ့ဘဲ ၎င်းမှာ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

ဟော်လန်း၏ အေးဂျင့်ဖြစ်သူ ရိုင်ယိုလာက မည်သည့်ကလပ် အသင်းနှင့်မျှ အကြိုသဘောတူစာချုပ်ချုပ်ဆိုထားခြင်းမရှိသေးဟု ဖွင့်ဟခဲ့ပြီး ဒေါ့မွန်အသင်း၌ ဆက်ကစားဖွယ်ရှိသည့်အနေအထားကိုလည်း ငြင်းဆန်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ဟော်လန်းက ဘာစီလိုနာအသင်းကို စောင့်နေတာလား။ သူက ဘယ်အသင်းနဲ့မဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့မှာ ဘယ်အသင်းနဲ့မှ အကြိုသဘောတူထားတာမျိုး မရှိပါဘူး။ သူ့အတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ ဒေါ့မွန်အသင်းမှာ နောက်ထပ်တစ်နှစ်ကစားနိုင်တာကိုလည်း ကျွန်တော့်အနေနဲ့ မငြင်းလိုပါဘူး။ သဘောတရားအရတော့ ဒါက ဖြစ်နိုင်ပါတယ်” ဟု ရိုင်ယိုလာက ဒတ်ချ်မီဒီယာတစ်ခုဖြစ်သည့် NOS သို့ ပြောကြားခဲ့သည်။

မန်ယူ နည်းပြရန်းနစ်က ဟော်လန်းကိုကြီးကျယ် ခမ်းနားသည့်တိုက်စစ်မှူးဟု ချီးကျူးခဲ့သော်လည်း အသင်း၏ လက်ရှိတိုက်စစ်အစုအဖွဲ့ကို ကျေနပ်မိသည်ဟု မကြာသေးမီက မှတ် ချက်ပြုထားခဲ့သည်။

ဟော်လန်း၏ကောလာဟလများနှင့်အတူ မန်ယူအသင်းတိုက်စစ်မှူး မာစီယဲလ်၏ အနာဂတ်မှာ မရေမရာဖြစ်လာပြီး လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ (သို့မဟုတ်) ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

မာစီယဲလ်၏အေးဂျင့်ဖြစ်သူက “အန်သိုနီ(မာစီယဲလ်)ဟာ ဇန်နဝါရီမှာ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ သူက ပွဲကစားဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့ ဇန်နဝါရီမှာ မနေလိုတော့ရင် အသင်းနဲ့ မကြာမီမှာ ကျွန်တော် ဆွေးနွေးသွားဖို့ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၇၉)ဂိုး သွင်းယူပေးထားသည့် မာစီယဲလ်သည် ဒီဇင်ဘာ (၂)ရက်က မိုက်ကယ်ကာရစ် နောက်ဆုံးတာဝန်ယူခဲ့သည့် အာဆင်နယ်နှင့်ပွဲတွင် နောက်ဆုံးကစားခဲ့ရခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular