spot_img

(၂၁)ရာစုအတွင်း ဘာစီလိုနာအသင်း၏ လာလီဂါပွဲစဉ်တစ်ပွဲ၌ ဆယ်ကျော်သက်ကစားသမား (၂)ဦး ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော အိုဆာဆူနာအသင်းနှင့် လာလီဂါအဝေးကွင်းပွဲစဉ်တွင် (၂-၂)ဂိုးဖြင့် သရေကျပြီး အဖိုးတန်ရမှတ် (၂)မှတ်ဆုံးရှုံးခဲ့သော်လည်း အသင်းအတွက် သွင်းဂိုး (၂)ဂိုးကို ဆယ်ကျော်သက်ကစားသမား (၂)ဦးဖြစ်သည့် နီကိုဂွန်ဇာလက်ဇ်နှင့် အက်ဇယ်ဇူလီတို့က သွင်းယူပေးခဲ့ပြီး (၂၁) ရာစုအတွင်း အသင်း၏ လာလီဂါပွဲစဉ်များတွင် ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ခဲ့သည်။

ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီမှ ပေါ်ထွက်လာသော နီကိုဂွန်ဇာလက်ဇ် (၁၉ နှစ်)နှင့် ဟာကျူလက်စ်အသင်းမှ ဘာစီလိုနာ (B)အသင်းသို့ရောက်ရှိလာခဲ့ပြီး အသင်းကြီးတွင် ပွဲကစားခွင့်ရရှိလာခဲ့သော အက်ဇယ်ဇူလီ (၁၉ နှစ်)တို့သည် အိုဆာဆူနာနှင့်ပွဲတွင် ဂိုးများအသီးသီးသွင်းယူနိုင်ခဲ့ပြီး မှတ်တမ်းကောင်းတစ်ခုကိုရရှိခဲ့ခြင်းဖြစ်သည်။

myan789

လာမာစီယာကဲ့သို့ နာမည်ကျော်လူငယ်အကယ်ဒမီကို ပိုင်ဆိုင်ထားသည့် ဘာစီလိုနာအသင်းသည် (၂၁)ရာစုအတွင်း ဆယ်ကျော်သက်ကစားသမားများစွာမွေးထုတ်ပြီး လာလီဂါသွင်းဂိုးများရယူနိုင်ခဲ့ကြသော်လည်း ပွဲစဉ်တစ်ပွဲအတွင်း ဆယ်ကျော်သက်ကစားသမား (၂)ဦး တစ်ပြိုက်နက် ဂိုးသွင်းနိုင်ခြင်းမှာမူ ယခုပွဲစဉ်တွင်မှ ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နီကိုဂွန်ဇာလက်ဇ်သွင်းယူသော အဖွင့်ဂိုးအတွက် လှပသည့်ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့သည့် စပိန်ကြယ်ပွင့်ကွင်းလယ်လူ ဂါဗီမှာလည်း (၁၇)နှစ်အရွယ်သာရှိသေးရာ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် (၁)ပွဲအတွင်း ဆယ်ကျော်သက်ကစားသမား (၃)ဦးက ပထမဆုံးအကြိမ် ဂိုးပါဝင်ပတ်သက်မှုပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လူငယ်ကစားသမားများ စွမ်းဆောင်ရည်မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ခဲ့သော်လည်း အသင်း၏နည်းပြ ဇာဗီမှာမူ ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးကိုင်တွယ်ခဲ့သည့် ပြိုင်ပွဲစုံ (၆)ပွဲတွင် (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ကိုရရှိခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း (၃၃.၃%)သာရှိခဲ့ရာ (၂၁)ရာစုအတွင်း ပထမဆုံးကိုင်တွယ်သည့် ပြိုင်ပွဲစုံ ပွဲစဉ် (၆)ပွဲတွင် နိုင်ပွဲအနည်းဆုံးရယူနိုင်သည့် ဘာစီလိုနာနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ဇာဗီလက်ထက်တွင် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် တစ်ပွဲလျော့(၁၈)မှတ်အထိ ကွာဟနေသလို၊ ချန်ပီယံလိဂ်တွင်လည်း အုပ်စုတတိယနေရာသာရရှိခဲ့ပြီး ယူရိုပါလိဂ်သို့ ကူးပြောင်းယှဉ်ပြိုင်ခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular