spot_img

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ မာစီယဲလ် ထွက်ခွာမည်

မန်ယူအသင်းတိုက်စစ်ကစားသမား မာစီယဲလ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ လန်ဘိုလေက ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်သည် ယခုရာသီတွင် မန်ယူအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်အတွက် မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။

myan789

ထို့ကြောင့် မာစီယဲလ်အနေဖြင့် ပွဲကစားခွင့်ရမည့်အသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း မာစီယဲလ်၏အေးဂျင့်ဖြစ်သူ လန်ဘိုလေက ပြောကြားခဲ့ခြင်းဖြစ်သည်။

လန်ဘိုလေက “မာစီယဲလ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မျာ အသင်းက ထွက်ဖို့ ဆန္ဒရှိနေပါတယ်။ သူက ပွဲကစားချင်နေပြီး မန်ယူအသင်းမှာ ဆက်မနေချင်တော့ပါဘူး။ ဒါကြောင့် သိပ်မကြာခင်မှာ မာစီယဲလ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်ယူအသင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

မာစီယဲလ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်တွင် (၇)ပွဲ ကစားခွင့်ရထားသော်လည်း (၂)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ကျန်(၅)ပွဲမှာ လူစားဝင်အဖြစ်သာ ကစားခဲ့ရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၆၇)မိနစ်သာ ကစားခွင့်ရခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မာစီယဲလ်အနေဖြင့် လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular