spot_img

ဘွန်ဒစ်လီဂါပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် – မိန့်ဇ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၀၀ နာရီ)
ပြီးခဲ့တဲ့အပတ်က အဓိကပြိုင်ဘက် ဒေါ့မွန်ကို အနိုင်ယူပြီး ဘိုင်ယန်က (၄)မှတ်ပြန်ဖြတ်ခဲ့တယ်။ မိန့်ဇ်ကတော့ နောက်ဆုံး ကစားထားတဲ့ အမှတ်ပေးပွဲ(၆)ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ထားတဲ့အသင်းပါ။ ဘိုင်ယန်အသင်းက နောက်ပိုင်းပွဲတွေမှာ မထင် မှတ်တဲ့ရလဒ်ထွက်ပေါ်တာ ပိုများလာပေမဲ့ ဥရောပပွဲလည်း မရှိတော့လို့ ရာသီဝက်မနားမီအထိ ဘွန်ဒစ်လီဂါဘက်ကို ပိုပြီး ဖိဖိစီးစီးကစားနိုင်ခြေရှိနေတယ်။ ပြီးခဲ့တဲ့(၃)ရာသီဆက် အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူထားတဲ့ ဘိုင်ယန်ကိုပဲ ရွေးချင်တယ်။

လိုက်ပ်ဇစ် – မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၀၀ နာရီ)
ရလဒ်တွေဆိုးနေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ နည်းပြ ဂျက်ဆီမက်ရှ်နဲ့လမ်းခွဲထားတဲ့ လိုက်ပ်ဇစ်အသင်းက အခုပွဲကို ယာယီနည်းပြနဲ့ပဲ ဆက်စခန်းသွားဖို့ ရှိပါတယ်။ နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ်မှာ မန်စီးတီးလိုအသင်းကို အနိုင်ကစားထားတာကလည်း လိုက်ပ်ဇစ်ကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသလို ဖြစ်လာနိုင်တယ်။ မိုချန်ဂလာဘတ်ကတော့ နောက်ဆုံးကစားထားတဲ့(၂)ပွဲရဲ့ရလဒ်က ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလှပါတယ်။ ဒီရာသီအဝေးကွင်းပွဲတွေမှာ တစ်ပွဲသာအနိုင်ရထားတဲ့ မိုချန်တို့ လိုက်ပ်ဇစ်ကွင်းမှာ အမှတ်ရဖို့ မလွယ်လောက်ဘူး။ လိုက်ပ်ဇစ် နိုင်ပွဲပြန်ရမယ်။

myan789

ဖရိုင်းဘတ် – ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၀၀ နာရီ)
ဟော်ဖန်ဟင်မ်က ရလဒ်ပိုင်း ပိုကောင်းနေပေမဲ့ မိုချန်ကို ဂိုးဒါဇင်ဝက်သွင်းထားတဲ့ ဖရိုင်းဘတ်ရဲ့ရုန်းထလာမှုကို စောင့်ကြည့်ရမယ်။ ဖရိုင်းဘတ် အနိမ့်ဆုံးသရေပါ။

ဟာသာဘာလင် – အာမီးနီးယား (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၀၀ နာရီ)
ဟာသာဘာလင်က နောက်ဆုံး(၅)ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ထားတယ်။ ဒီတစ်ပွဲတော့ ဟာသာဘာလင် နိုင်ပွဲပြန်ယူမယ်ထင်တယ်။

ဘိုဟုမ် – ဒေါ့မွန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက ဟော်လန်း ပြန်လာမှုနဲ့အတူ ဂိုးသွင်းနှုန်းလည်း ပြန်တက်လာနေတယ်။ ဘိုဟုမ်ကလည်း အိမ်ကွင်း (၃)ပွဲဆက်တိုက် အနိုင်ကစားထားတာ တွေ့ရတယ်။ ဒေါ့မွန် ဂိုးပြတ်ဖို့မလွယ်ဘူး။

ဝုလ်ဖ်ဘတ် – စတုဂတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၁၂:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ကြားရက်မှာ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ ကစားထားရလို့ ပွဲပန်းနေနိုင်တယ်။ စတုဂတ်နဲ့စွန့်စားတာ ပိုကောင်းမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular