မာဆေးလ် – ဘရက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၁၀:၃၀ နာရီ)
နှစ်သင်းစလုံးက ရလဒ်တွေကောင်းနေပြီး ခြေစွမ်းလည်း တည်ငြိမ်နေတယ်။ မာဆေးလ်ကတော့ အိမ်ကွင်း (၈)ပွဲမှာ (၁) ပွဲသာရှုံးထားပြီး တည်ငြိမ်မှုပိုရှိတာကိုတွေ့ရတယ်။ ဘရက်စ်တို့ အမှတ်ရဖို့ ကြိုးစားလာနိုင်ပေမဲ့ မာဆေးလ်ကိုပဲကြိုက်တယ်။
လိုင်လီ – ထရွိုင်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၅ ရက် နံနက် ၀၀:၃၀ နာရီ)
လက်ရှိချန်ပီယံလိုင်လီကတော့ တဖြည်းဖြည်းအခြေအနေ ပိုဆိုးလာတယ်။ နိုင်လိုစိတ်ကင်းမဲ့နေပြီး ခြေစွမ်းကလည်းယုံ ကြည်မှုပျောက်ဆုံးနေပုံပါပဲ။ ဒါပေမဲ့ ထရွိုင်စ်က ခြေကျနေတဲ့အသင်းပါ။ အိမ်ကွင်းလည်းဖြစ်နေလို့ လိုင်လီနိုင်ပွဲယူလိမ့်မယ်။
လန်းစ် – PSG (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၅ ရက် နံနက် ၂:၃၀ နာရီ)
ထိပ်ဆုံးမှာ အမှတ်ဖြတ်ဦးဆောင်နေပြီး ချန်ပီယံဆုဆီ မြန်နိုင်သမျှမြန်အောင်သွားဖို့ ရည်ရွယ်ထားတဲ့ PSG အတွက် လန်းစ်က ပြိုင်ဘက်ကောင်းဖြစ်လာမယ် မထင်ပါဘူး။ ဒါပေမဲ့ လန်းစ်က ဒီရာသီ အိမ်ကွင်း (၈)ပွဲကစားပြီးချိန်မှာ ရှုံးပွဲတစ်ပွဲသာ ရှိထားပြီး အိမ်ကွင်းမှာ အမှတ်ရအောင်နဲ့ ဂိုးရအောင် ကစားတတ်တဲ့အသင်းမျိုးဖြစ်နေလို့ PSG အတွက် မလွယ်ကူတာ တော့သေချာပါတယ်။ နှစ်သင်းကြား ကွာခြားချက်တွေရှိပေမဲ့ ဥရောပဝင်ခွင့်တစ်နေရာမျှော်လင့်ထားတဲ့ လန်းစ်တို့ အိမ်ကွင်းမှာ အကောင်းဆုံးတုံ့ပြန်လာမှာပါ။ PSG ကပ်နိုင်သွားဖို့ ပဲရှိလိမ့်မယ်။