spot_img

ဘွန်ဒစ်လီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်

လေဗာကူဆင် – ဂရိုင်သာဖက်သ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၀၀ နာရီ)
ရှုံးပွဲဆက်နေတဲ့ ဂရိုင်သာဖက်သ်အသင်းက ပေးဂိုးနှုန်းပါ မြင့်တက်လာတာ တွေ့ရတယ်။ လေဗာကူဆင်အသင်း ဂိုးတော့ ပြတ်မှာပါ။

ဟော်ဖန်ဟင်မ် – ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်း အိမ်ကွင်း(၄)ပွဲဆက် အနိုင်ကစားထားသလို၊ ဖရန့်ဖတ်ကလည်း နိုင်ပွဲတွေဆက်ပြီး ရလဒ်တွေ ကောင်းနေတယ်။ ဖရန့်ဖတ်အသင်း ဒီပွဲလည်း အမှတ်ထပ်ယူဖို့ ရှိပါတယ်။

myan789

မိန့်ဇ် – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ဒီပွဲပြီးရင် ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ ကစားရဖို့ရှိတာ သတိပြုရမယ်။ မိန့်ဇ်အသင်း အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။

အော့စ်ဘတ် – ဘိုဟုမ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်က ဒီရာသီအဝေးကွင်းပွဲတွေမှာ ဂရိုင်သာဖက်သ် တစ်သင်းတည်းကိုသာနိုင်ပြီး ကျန်ပွဲအားလုံး အရေးနိမ့်ထားတယ်။ အော့စ်ဘတ် အိမ်ကွင်းနိုင်ပွဲဆက်ဖို့များတယ်။

အာမီးနီးယား – ကိုလုံး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၀၀ နာရီ)
ကိုလုံးအသင်း နောက်ဆုံးပွဲမှာ မိုချန်ဂလာဘတ်ကို ဂိုးပြတ်သွင်းပြီး နိုင်ပွဲပြန်တွေ့ထားတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ အမှတ်ပြည့်ရဖို့ မလွယ်လောက်ဘူး။

ဒေါ့မွန် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၁၂:၀၀ နာရီ)
ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းက ဘိုင်ယန်နဲ့ ပွဲအမီ ဒဏ်ရာက ပြန်ကောင်းလာတယ်။ ပြီးခဲ့တဲ့ ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ မိနစ်(၂၀)လောက်ပဲ လူစားဝင်ကစားခဲ့ရပေမဲ့ တစ်ဂိုးသွင်းပြီး ဘိုင်ယန်နဲ့ပွဲအတွက် အသင့်ဖြစ်နေပြီဆိုတာ ပြသနိုင် ခဲ့တယ်။ ချန်ပီယံလိဂ်က ထွက်ထားရတဲ့ ဒေါ့မွန်အသင်း ဘွန်ဒစ်လီဂါဘက်ကို လုံးလုံးလျားလျား အာရုံစိုက်တော့မယ့် အနေအထားလည်းရှိပါတယ်။ ဘိုင်ယန်တိုက်စစ်က နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းနှုန်းကျလာတဲ့ပုံပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲစုံနောက်ဆုံး တွေ့ဆုံမှု (၆)ပွဲဆက် ဘိုင်ယန် အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒေါ့မွန် အိမ်ကွင်းနိုင်ပွဲဆက်နေပေမဲ့ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular