အေစီမီလန် – ဆလာနီတာနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၈:၃၀ နာရီ)
အေစီမီလန်က ချန်ပီယံဆုမျှော်လင့်ချက် ဆက်ပြီးအသက်ဝင်ချင်သေးရင် ဒီလိုပွဲမျိုးမှာ အမှားလုပ်လို့မရဘူး။ တိုက် စစ်မှာ လူပြန်စုံနေသလို၊ ခံစစ်မှာလည်း အားထားရသူတွေ ပြန်လည်ပါဝင်လာပေမဲ့ ဂိုးတွေပေးနေရတာ တွေ့ရတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဆာဆူအိုလိုကို ဂိုးပြတ်အရေးနိမ့်ထားလို့လည်း အမှတ်ပေးဇယားအောက်ဆုံးက ဆလာနီတာနာကို ဂိုးပြတ်အနိုင်ယူပြီး ပေါက်ကွဲပြပါလိမ့်မယ်။
ရိုးမား – အင်တာမီလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၁၁:၃၀ နာရီ)
အင်တာမီလန် ဟန်ချက်ပြန်ငြိမ်လာပြီလို့ ဆိုနိုင်တယ်။ ပွဲကျပ်ကာလကိုလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နာပိုလီကို အနိုင်ရပြီးနောက် အင်တာမီလန်ရဲ့ ယုံကြည်စိတ် ပြန်လည်မြင့်မားလာသလို၊ တိုက်စစ်မှာလည်း လူပြန်စုံလာလို့ ရိုးမားအတွက် မလွယ်ကူတဲ့ပွဲပါပဲ။ မော်ရင်ဟိုအတွက် အသင်းဟောင်း အင်တာမီလန်ကို ရောမမြေမှာ အနိုင်ယူဖို့ထက် အမှတ်ခွဲယူနိုင်ဖို့သာ ပိုများပါတယ်။
နာပိုလီ – အတ္တလန်တာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၅ ရက် နံနက် ၂:၁၅ နာရီ)
အတ္တလန်တာက ရာသီအစကလိုမဟုတ်ဘဲ ထက်မြက်တိုက်စစ်ကို ပြန်ပြီးသရုပ်ဖော်လာနိုင်တယ်။ ပါရှာလစ်က နည်းပြ ဂတ်စ်ပါရီနီရဲ့ ဗျူဟာအသစ်မှာ ဘယ်တောင်ပံတိုက်စစ်ကစားသမားအဖြစ် ခြေစွမ်းပြနေတယ်။ ဇာပါတာ မပါဝင်နိုင်တဲ့ ဗင်နီဇီယာနဲ့ နောက်ဆုံးပွဲမှာ မူရီယဲလ်က နေရာလွတ်တွေ ရှာဖွေပေးသလို၊ တစ်ဦးချင်းရွေ့လျားမှုတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အကူအညီပေးနိုင်ခဲ့ပါတယ်။ နာပိုလီကလည်း တိုက်စစ်မှာ ဒဏ်ရာရကစားသမားတချို့ရှိနေပေမဲ့ ၀ါရင့် မာတင်စ်၊ ဒဏ်ရာကပြန်သက်သာလာတဲ့ အင်ဆစ်ဂ်ညာတို့နဲ့အတူ ဂိုးသွင်းနှုန်းမြင့်မားနေဆဲပဲ။ ခံစစ်ချင်းနှိုင်းယှဉ်ရင် နာပိုလီက စုဖွဲ့မှုပိုကောင်းပေမဲ့ အတ္တလန်တာကွင်းလယ်ရဲ့ ခံစစ်ကူညီနိုင်စွမ်းက ပိုကောင်းမွန်တာ တွေ့ရတယ်။ အပြန်အလှန်သွင်းဂိုးတွေ မျှော်လင့်လိုရတဲ့ပွဲမျိုးဖြစ်ပြီး နာပိုလီ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။ (၂-၁)၊ (၂-၂)ဂိုးလောက်ဖြစ်လာနိုင်တယ်။