spot_img

၂၀၂၀ ခုနှစ်အတွက် Ballon d’Or ဆုကို လီဝန်ဒေါစကီး ရရှိနိုင်ပြီး ယင်းအတွက် ပြန်လည်စဉ်းစားနေကြောင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်း ဆို

၂၀၂၁ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲတွင် မက်ဆီ၏နောက် ဒုတိယနေရာသာ ရရှိပြီး Ballon d’Or ဆုနှင့် လွဲချော်ခဲ့ရသော ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ၂၀၂၀ ခုနှစ်အတွက် Ballon d’Orဆုကို ချီးမြှင့်ခံရဖွယ်ရှိနေကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် သွင်းဂိုးများစွာနှင့် ခြေစွမ်းပြခဲ့သူဖြစ်သော်လည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၂၀၂၀ ခု နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Ballon d’Or ဆု ရွေးချယ်ချီးမြှင့်ခြင်း မပြုခဲ့သလို၊ ၂၀၂၁ ခုနှစ်တွင်လည်း PSG နှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို အကောင်းဆုံးအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့သည်။

myan789

ထို့ကြောင့် ဝေဖန်ပြစ်တင်မှုများစွာဖြင့် အငြင်းပွားစရာဖြစ်ခဲ့ရသလို၊ မက်ဆီကိုယ်တိုင်ကလည်း ဆုပေးပွဲတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် Ballon d’Or ဆုကို လီဝန်ဒေါစကီး ရရှိရန် ထိုက်တန်ကြောင်း၊ ပြင်သစ်ဘောလုံးမဂ္ဂဇင်းအနေဖြင့် လီဝန်ဒေါစကီးကို ၂၀၂၀ ခုနှစ်အတွက် Ballon d’Or ဆု ပြန်လည်ပေးအပ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပြန်လည်စဉ်းစားလာခြင်းဖြစ်ပြီး အယ်ဒီတာချုပ်ဖြစ်သူက ”မက်ဆီ ပြောတာ ကောင်းပါတယ်။ ဒီအတွက် ကျွန်တော်တို့ ပြန်စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ အလျင်စလိုဆုံး ဖြတ်မှာမဟုတ်သလိုဆန္ဒမဲအပေါ် အခြေခံတဲ့ Ballon d’Or ရဲ့သမိုင်းကိုလည်း လေးစားသင့်ပါတယ်။ ဆန္ဒမဲမကောက်ယူခဲ့ဘဲနဲ့ ပြီးခဲ့တဲ့နှစ်မှာ လီဝန်ဒေါစကီး ရမယ်လို့လည်း သေချာပေါက်မပြောနိုင်ပါဘူး။ သူရရှိဖို့ အခွင့်အရေးတော့ ကောင်းခဲ့ပါတယ်”ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular