အန်ဂါစ် – မိုနာကို (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
မိုနာကိုကလည်း ဥရောပဝင်ခွင့်တစ်နေရာကို ဆုပ်ကိုင်နိုင်ဖို့ ရုန်းကန်နေရဆဲပါ။ အန်ဂါစ်ကတော့ ခပ်မှန်မှန်သွားနေပြီး ရလဒ် ပိုင်းလည်း ငြိမ်တယ်ပြောရမယ်။ ဒီရာသီ အိမ်ကွင်းခြေစွမ်းက လည်း ပြိုင်ဘက်တိုင်းကို အခက်တွေ့စေနိုင်တဲ့ စွမ်းဆောင်ရည် မျိုးပါ။ အန်ဂါစ်တို့ အနိမ့်ဆုံးသရေကစားလိမ့်မယ်။
ဘရက်စ် – စိန့်အက်တီယန် (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
ရလဒ်ကောင်းတွေဆက်တိုက်ယူနိုင်ခဲ့တဲ့ ဘရက်စ်တို့ ယုံ ကြည်မှုမြင့်နေနိုင်တယ်။ စိန့်အက်တီယန်ကလည်း နောက်ပိုင်းပွဲ တွေမှာ ရမှတ်တွေစုပြီး တန်းဆင်းဇုန်ကရုန်းထွက်ဖို့ ကြိုးစားနေ တဲ့အသင်းပါ။ အကြိတ်အနယ်ရှိနိုင်ပြီး သရေကျဖို့များတယ်။
မက်ဇ် – မောင့်ပယ်လီယာ (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ဇယားအောက်ဆုံးက မက်ဇ်ရဲ့ အိမ်ကွင်းရုန်းအားကို စောင့်ကြည့်ရပါမယ်။ မောင့်ပယ် လီယာအသင်း စုဖွဲ့မှုရော၊ အတွေ့အကြုံပါ ပိုသာတယ်ဆိုပေမဲ့ မက်ဇ်တို့ အိမ်ကွင်းမှာ သရေတော့မျှော်လင့်နိုင်ပါတယ်။
စထရာဘိုး – ဘော်ဒိုး (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
ဥရောပဝင်ခွင့်တစ်နေရာမျှော်လင့်ချက်ရှိနေတဲ့ စထရာဘိုးတို့ အိမ်ကွင်းမှာ အခွင့်အရေးယူနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ဘော်ဒိုးကလည်း ကွင်းမရွေး မာမာကျောကျောတုံ့ပြန် လေ့ရှိတဲ့အသင်းပါ။ ဘော်ဒိုးတို့ သရေလောက်ကစားနိုင်တယ်။
ထရွိုင်စ် – လော်ရီယန့် (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
တန်းဆင်းဇုန်နဲ့အဝေးကိုရောက်ဖို့ ထရွိုင်စ်တို့ အိမ်ကွင်း မှာ ရလဒ်ကောင်းယူနိုင်ဖို့လိုပါတယ်။ လော်ရီယန့်ကလည်း လက်ရှိမှာ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်း အား နည်းချက်များပါတယ်။ ထရွိုင်စ်ကိုပဲ ရွေးထားချင်တယ်။
ကလယ်မွန့် – လန်းစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ရလဒ်ဆိုးတွေနဲ့ ကလယ်မွန့်တို့ တန်းဆင်းအန္တရာယ်ကို ကြုံတွေ့နေရပါပြီ။ ခံစစ်က ဂိုးတွေလွယ်လွယ်ပေးနေရပြီး ခြေ စွမ်းကလည်း အိမ်ကွင်းမှာတောင် အားရစရာသိပ်မရှိပါဘူး။ လန်းစ် ခြေမငြိမ်ပေမဲ့ နိုင်ပွဲရအောင်တော့ ကစားပါလိမ့်မယ်။
လိုင်ယွန် – Reims (ကြာသပတေးနံနက် ၂း၃၀ နာရီ)
နိုင်တစ်ခါ၊ ရှုံးတစ်လှည့် သံသရာအကြား လိုင်ယွန်တို့ နစ် မွန်းနေဆဲပါပဲ။ ဒါပေမဲ့ အခုပွဲကတော့ အိမ်ကွင်းလည်းဖြစ်နေတာ ရယ် Reims က ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး ရုန်းကန်နေရတဲ့ အခြေအနေတွေကြောင့် လိုင်ယွန်တို့ ကပ်နိုင်သွားဖို့ရှိနေတယ်။
နန့်စ် – မာဆေးလ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
မာဆေးလ်က သရေပွဲတွေများနေပြီး အမှတ်တွေဆုံးရှုံးနေ ရတယ်။ နန့်စ်က အိမ်ကွင်းဆို အမှတ်ရအောင်ယူတတ်ပြီး တိုက် စစ်ကလည်း ဂိုးရအောင်ကစားနိုင်ပါတယ်။ မာဆေးလ်ကလည်း အဝေးကွင်းရလဒ် မဆိုးပါဘူး။ သရေဆိုတာ မျှတတဲ့ရလဒ်ပါပဲ။
PSG – နိုက်စ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ပြီးခဲ့တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တဲ့ နိုက်စ်တို့ အခုလည်း ပါရီမြေ မှာ အမှတ်ရဖို့ မျှော်လင့်ချက်နည်းပါတယ်။ အမှတ်ပေးဇယား ထိပ်ပိုင်းနားမှာရှိနေပေမဲ့ နိုက်စ်တို့ PSG နဲ့ယှဉ်ရင် ကွာခြား ချက်ရှိနေသေးတာ အမှန်ပါပဲ။ PSG ကတော့ ချန်ပီယံလိဂ် မှာ အုပ်စုဒုတိယနေရာ သေချာသွားပြီဖြစ်လို့ လီဂူးဘက်ကို ပိုအာရုံစိုက်လာနိုင်ပြီး အမှတ်ရနိုင်သလောက်စုကာ ချန်ပီယံဆု ကို စောစောစီးစီးသိမ်းပိုက်ဖို့ ကြိုးစားမှာသေချာပါတယ်။ PSG တိုက်စစ်က မက်ဆီ၊ ဘာပေတို့ ထင်တိုင်းမပေါက်သေးပေမဲ့ အိမ်ကွင်းမှာတော့ စိုးရိမ်စရာရှိမယ်မထင်ပါဘူး။ PSG တို့ သေချာပေါက် နိုင်ပွဲယူပါလိမ့်မယ်။
ရန်းစ် – လိုင်လီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
လက်ရှိချန်ပီယံ လိုင်လီတို့ လီဂူးနောက်ဆုံး (၆)ပွဲဆက်နိုင် ပွဲပျောက်ပြီး ရုန်းကန်နေရချိန်မှာ ရန်းစ်ကတော့ ရလဒ်ကောင်း တွေနဲ့အတူ အမှတ်ပေးဇယားထိပ်နားကို တဖြည်းဖြည်းတက် လာတယ်။ လက်ရှိခြေစွမ်းအရရော၊ ယုံကြည်မှုအရပါ လိုင်လီတို့ ရန်းစ်ကိုယှဉ်နိုင်ဖို့ မရှိပါဘူး။ အိမ်ကွင်းမှာ ရန်းစ် နိုင်ပွဲယူမယ်။