spot_img

မန်ချက်စတာယူနိုက်တက်အသင်းထံမှ လျော်ကြေး ပေါင်(၇.၅)သန်းခန့် ဆိုးလ်ရှား ရရှိမည်

်မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားသည် ရလဒ်ဆိုးများ ကြုံတွေ့ရသော်လည်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းထံမှ လျော်ကြေးငွေ ပေါင်(၇.၅)သန်းခန့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

The Sun သတင်းစာ၏ဖော်ပြချက်အရ မန်ယူအသင်းသည် ဆိုးလ်ရှားအား သူ၏တစ်နှစ်စာလစာငွေကို လျော်ကြေးအဖြစ် အပြည့်အဝပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။

myan789

ထို့ကြောင့် ဆိုးလ်ရှားအနေဖြင့် မန်ယူအသင်းထံမှ တစ်နှစ်လစာပမာဏဖြစ်သည့် ပေါင်(၇.၅)သန်း ရရှိမည်ဖြစ်သည်။

ဆိုးလ်ရှားသည် ပရီးမီးယားလိဂ်တွင် ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်၊ ဘရန်ဒန်ရော်ဂျာ၊ ဘီယဲလ်ဆာတို့ပြီးနောက် ပဥ္စမမြောက်လစာအများဆုံးနည်းပြ ဖြစ်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ဆိုးလ်ရှားကို ပြီးခဲ့သည့်ဇူလိုင်လကမှ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုထားခြင်းဖြစ်သည်။

အသက်(၄၈)နှစ်အရွယ်ရှိ ဆိုးလ်ရှားသည် မန်ယူအသင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်တွင် (၃)နှစ်စာချုပ်ဖြင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular