spot_img

ဆယ်စုနှစ်တစ်ခုအတွင်း စီးရီးအေဂိုးအများဆုံးသွင်းယူသည့် နောက်ခံလူအဖြစ် ဂျူဗင်တပ်စ်မှ ဘိုနူချီ စံချိန်တင်

ပြီးခဲ့သည့် လာဇီယိုအသင်းနှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့သူ နောက်ခံလူ ဘိုနူချီသည် ဆယ်စုနှစ်တစ်ခုအတွင်း စီးရီးအေဂိုးအများဆုံးသွင်းယူသော နောက်ခံလူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဘိုနူချီသည် လာဇီယိုအသင်းကို အဝေးကွင်း၌ (၂-၀)ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဂျူဗင်တပ်စ်အသင်း၏ အနိုင်ဂိုး(၂)ဂိုးစလုံးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

myan789

ထို့ကြောင့် ဘိုနူချီ၏ ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း စီးရီးအေသွင်းဂိုးအရေအတွက်မှာ (၂၆)ဂိုးအထိ ရှိလာခဲ့သည်။

ဘိုနူချီသည် စီးရီးအေ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း (၂)ဂိုးသွင်းယူနိုင်သည့်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဘိုနူချီက ”ကျွန်တော်တို့အသင်းရဲ့ သန်မာမှုကို ပြသနိုင်ခဲ့တာပါ။ နိုင်ငံတကာပွဲစဉ်တွေ အပြီးကစားရရင် ခက်ခဲတတ်ပေမဲ့ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ဖြစ်တန်စွမ်းကို လျှော့ချနိုင်ခဲ့ပါတယ်။ တကယ်လို့များ အီတလီအသင်းမှာလည်း ပယ်နယ်တီ ခွင့်ရမယ်ဆိုရင် ကျွန်တော် ကန်ချင်ပါတယ်”ဟု ပြောခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular