spot_img

အသင်း ကစားသမား များ ခန္ဓာကိုယ် ကြံ့ခိုင်မှု နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် မိမိ အ နေ ဖြင့် အချိန် ယူရန် လိုအပ်ကြောင်း စပါး နည်းပြ ကွန် တီ ပြောကြား

စပါးနည်းပြသစ် ကွန်တီက မိမိအနေဖြင့် အသင်းကစားသမားများကို ခန္ဓာကိုယ်ကြ့ံခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် အချိန်ယူတည်ဆောက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြ နူနိုဆန်တိုကို ရာထူးမှထုတ်ပယ်ကာ နိုဝင်ဘာ ၂ ရက်တွင် ကွန်တီကို ၎င်းနေရာ၌ အစားထိုးခန့်အပ်ခဲ့သည်။ ကွန်တီသည် စပါးအသင်း ကို စတင်ကိုင်တွယ်ပြီးနောက် ကစားသမားများ၏ အစားအသောက်ပိုင်းကို တင်းကြပ်မှုများပြုလုပ်ကာ လေ့ကျင့်ရေးအစီအစဉ်များမှာလည်း ယခင်ကထက် ပြင်းထန်ကြောင်း သိရှိရသည်။ သို့သော် ကွန်တီက မိမိအနေဖြင့် စပါးအသင်းကို ပြန်လည်တည်ဆောက်ရန် အချိန်ရယူဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

ကွန်တီက “ခင်ဗျားအနေနဲ့ အသင်းသစ်တစ်သင်းကို ကိုင်တွယ်ပြီဆိုရင် အာရုံစိုက်ရမယ်။ ပြီးတော့ အသင်းကို ရလဒ်တွေကောင်းအောင် ကြိုးစားရမှာပါ။ အဲဒီအတွက် နည်းစနစ်ပိုင်းလိုသလို၊ ကစားသမားတွေကို ကြံ့ ခိုင်မှုပိုကောင်းအောင်၊ စိတ်ပိုင်းဆိုင်ရာ ပိုပြီးတိုးတက်အောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ကစားသမားတွေနဲ့ ပူးပေါင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမယ်။ ကစားသမားတွေအနေနဲ့ ကျွန်တော့်အကြောင်းကို သိဖို့လိုသလို၊ ကျွန်တော့်အနေနဲ့လည်း ကစားသမားတွေအကြောင်းကို သိဖို့ လိုပါတယ်။ အလုပ်လုပ်ချင်ပြီး တိုးတက်ချင်တဲ့ ကစားသမားတွေလည်း ကျွန်တော် တွေ့ထားပါတယ်။ ကစားသမားတွေအနေနဲ့ ကျွန်တော်လိုချင်တာကို လုပ်နိုင်ဖို့အတွက် အချိန်ယူဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ကွန်တီ စတင်ကိုင်တွယ်သည့် ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်တွင် ဗွီတက်ဆီအသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် အဲဗာတန်အသင်းကို ဂိုးမရှိသရေကျခဲ့ပြီး ယင်းပွဲစဉ်တွင် ဂိုးပေါက်တည့်ကန်ချက်ပင် မရှိခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် ကွန်တီက စပါးအသင်း အနေဖြင့် အသင်းလိုက်ဟန်ချက်ညီရန် လို အပ်နေသေးကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့အနေနဲ့ အသင်းလိုက် ဟန်ချက်ညီဖို့ လိုပါတယ်။ တိုက်စစ်အလွန်အကျွံကစားခြင်းက မကောင်းသလို ခံစစ်ထိုင်လွန်းခြင်းကလည်း အဆင်မပြေပါဘူး။ တိုက်စစ်နဲ့ ခံစစ်အကြား ဟန်ချက်ညီဖို့လိုပြီး အဲဒါမှသာ အသင်းက တည်တည်ငြိမ်ငြိမ်နဲ့ ရလဒ်ကောင်းတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အဖြစ် ယနေ့ည (၇:၀၀)တွင် လိဒ်စ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular