spot_img

စီးရီးအေပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

အတ္တလန်တာ – စပီဇီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် ည ၈:၃၀ နာရီ)
ချန်ပီယံလိဂ်မှာ အဆုံးအဖြတ်ကာလဖြစ်နေလို့ ဒီပွဲမှာ အတ္တလန်တာ ကစားသမားတချို့အနားပေးနိုင်ပေမဲ့ စပီဇီယာက ခက်ခဲတဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ လက်ရှိရာသီ စီးရီးအေမှာ တစ်ပွဲပျမ်းမျှ (၁ .၀၈)ဂိုးနဲ့ (၂၆)ဂိုးအထိပေးထားပြီး ခံစစ်အဆိုးရွားဆုံး စပီဇီယာကို အတ္တလန်တာ (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

လာဇီယို – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် ည ၁၁:၃၀ နာရီ)
ဂျူဗင်တပ်စ်က နိုင်ငံတကာပွဲမတိုင်မီ ပြန်လည်ထူထောင်ရေးနိုင်ပွဲကို သရုပ်ဖော်နိုင်ခဲ့တယ်။ ဒါပေမဲ့ တိုက်စစ်ဟန်ချက် ပျောက်ဆုံးနေဆဲပဲ။ ဒီဘားလား မကစားနိုင်ဘူးဆိုရင် အယ်လီဂရီရဲ့ (၄-၄၂)ဟန်ချက် ပိုအားနည်းသွားနိုင်တယ်။ ဆာရီက နာကျင်စရာတွေ ရှိခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်ကို လက်စားချေချင်နေလိမ့်မယ်။ အီမိုဘီလီ မသေချာသေးပေမဲ့ အိမ်ကွင်းမာဂုဏ်မြင့်လို့ အမှတ်ရပါလိမ့်မယ်။

myan789

ဖီအိုရင်တီးနား – အေစီမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၁ ရက် နံနက် ၂:၁၅ နာရီ)
ဖီအိုရင်တီးနားမှာ ဒဏ်ရာရကစားသမားတွေ များနေတယ်။ ဗလာဟိုဗစ်တန်ခိုးနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက် အားကောင်းနေပေမဲ့ Serie A Big Six အသင်းတွေနဲ့ ရင်ဆိုင်ရရင် ရလဒ်တွေဆိုးနေတာမြင်ရတယ်။ အခုလည်း အေစီမီလန်က လာမယ့် ချန်ပီယံလိဂ်ကိုမေ့ထားပြီး တစ်ကျော့ပြန်စီးရီးအေချန်ပီယံဆုအတွက် အာရုံပိုစိုက်နေလို့ ဖီအိုရင် တီးနား တစ်မှတ်ထက်ပိုမရနိုင်ဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular