spot_img

အာဆင်နယ်အသင်းသည် ရောင်းရန်မဟုတ်ဟု ဂျို့ရှ်ကရွန်ကီ ဆိုခဲ့ပြီး ချန်ပီယံလိဂ်အောင်ပွဲ ရယူဖြည့်ဆည်းပေးလိုသည်ဟု ပြောကြား

အာဆင်နယ်အသင်း၏ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေသော ဂျို့ရှ်ကရွန်ကီက မိမိတို့အသင်းသည် ရောင်းရန်မဟုတ်ကြောင်းနှင့် ပရိသတ်များ အလိုရှိနေသော ချန်ပီယံလိဂ်အောင်ပွဲကို ရယူဖြည့်ဆည်းပေးလိုကြောင်း Daily Mail နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျို့ရှ်ကရွန်ကီသည် အာဆင်နယ်အသင်းပိုင်ရှင် စတန်လေကရွန်ကီ၏ သားဖြစ်ပြီး ဝက်ဖို့ဒ်နှင့်ပွဲမတိုင်မီ ဗြိတိန်အားကစားမီဒီယာများစွာနှင့် အင်တာဗျူးအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

myan789

ယင်းသို့ တွေ့ဆုံရာတွင် အသင်းအား ဝယ်ယူရန် ကမ်းလှမ်းမှု ရှိခဲ့ခြင်းအပေါ် မေးမြန်းခဲ့ရာ ဂျို့ရှ်ကရွန်ကီက ”ဒီအသင်းက ရောင်းရန် မဟုတ်ပါဘူး။ လူမြင်ကွင်းထဲ ရောက်လာတဲ့ ကမ်းလှမ်းမှုက တစ်ခုသာရှိပေမဲ့ ကျွန်တော်တို့ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ပါတယ်။ ငြင်းပယ်ခဲ့တာက ရောင်းရန်မဟုတ်လို့ပါ။ ကျွန်တော်တို့ အသင်းကို အပြည့်အဝစီမံခွင့်ရတာ ၂၀၁၈ ကမှပါ။ ကျွန်တော်တို့ အခုမှ အစပြုရုံပဲ ရှိပါသေးတယ်”ဟု ပြောကြားခဲ့သည်။

စတန်လေကရွန်ကီ၏ KSE ကုမ္ပဏီသည် အာဆင်နယ်အသင်း၏ ရှယ်ယာ(၆၆)ရာခိုင်နှုန်းကို ၂၀၁၁ ခုနှစ်ကတည်းက ဝယ်ယူထားခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၈ ခုနှစ်ရောက်မှ ရှယ်ယာ(၂၉) ရာခိုင်နှုန်းကို ထပ်မံဝယ်ယူနိုင်ခဲ့ပြီး အလုံးစုံပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဓိကရှယ်ယာရှင်အဖြစ် ရပ်တည်ခဲ့သည့် (၁၀)နှစ်တာကာလအတွင်း FA ဖလား(၄)လုံးသာ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရတော့သည်အထိ ကျဆင်းလာခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဂျို့ရှ်ကရွန်ကီက ”ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဆုဖလားအောင်မြင်မှု ရယူနိုင်တာကတော့ ဆိုးရွားတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ အဆင့်အတန်းက FA ဖလားအောင်ပွဲတွေထက် အများကြီးမြင့်မားပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စဉ်ဆက်မပြတ်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်တာကြောင့် ဒီမှာ ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်ရင် တခြားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရရှိဖို့ ဦးတည်ယှဉ်ပြိုင်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့ဖြစ်ပြီး ဒါဟာ တခြားပြိုင်ပွဲတွေအတွက်လည်း အကျုံးဝင်ပြီးသားဖြစ်သွားမှာပါ။ ပရိသတ်တွေအတွက် ဂုဏ်ယူရတဲ့အသင်းဖြစ်အောင် လုပ်ဆောင်နေပြီး ချန်ပီယံလိဂ်အောင်ပွဲကိုလည်း ရယူဖြည့်ဆည်းပေးချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ထိပ်သီးပြိုင်ဘက်များထဲ၌ ငွေကြေးသုံးစွဲနိုုင်စွမ်းမရှိသည့်အသင်းအဖြစ် လှောင်ပြောင်ခံခဲ့ရသော်လည်း ကရွန်ကီမိသားစု အပြည့်အဝပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း (၄)ရာသီအတွင်း အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ် ပေါင်သန်း (၃၄၀)ကျော်ရှိခဲ့ပြီး မန်ယူအသင်း၏နောက် ဒုတိယငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular