spot_img

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဖေမီနို တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော် နားရမည်

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဖေမီနိုသည် တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော်ကြာ အနားယူရမည် ဖြစ်ကြောင်း နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။

အသက် ၃၀ ရှိပြီဖြစ်သည့် ဘရာဇီးလ် လက်ရွေးစင်ကစားသမား ဖေမီနိုသည် ဗုဒ္ဓဟူးနေ့က အက်သလက်တီကိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပွဲထွက်စာရင်းတွင် ပါဝင်ခြင်းမရှိဘဲ ဒုတိယပိုင်းစတင်ချိန်၌ မာနေ၏ နေရာ လူစားလဲဝင်ရောက်ကစားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသွားသဖြင့် ၇၈ မိနစ်မှာပင် လူစားပြန်လဲခဲ့ရသည်။

myan789

ယင်းအခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ” ဘော်ဘီဖေမီနိုကို ဆုံးရှုံးရတာက ထိုးနှက်ချက်တစ်ခုပါ။ ဒါက ဘယ်လောက်ကြီးမားတဲ့ အခြေအနေဆိုတာ ကျွန်တော်ပြောပြဖို့လိုမယ် မထင်ပါဘူး။ ပြင်းထန်တဲ့ ဒဏ်ရာပါ။ ရက်သတ္တပတ်တွေအကြောင်း ကျွန်တော်တို့ ပြောနေပါတယ်။ လေးပတ်ထက် ပိုများနိုင်တယ်။ ဒါက ပြင်းထန်တဲ့ဒဏ်ရာလို့ ကျွန်တော် သတ်မှတ်ပါတယ်။ နောက်ပိုင်းကာလကိုတော့ စောင့်ကြည့်ရမှာပါ။ ဘော်ဘီက မြန် မြန်ပြန်ကောင်းတတ်တဲ့သူပါ” ဟု ပြောကြားခဲ့သည်။

ဖေမီနိုသည် ရာသီအစတွင်လည်း ပေါင်ကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူခဲ့ရပြီး ပရီးမီးယားလိဂ်၌ ရှစ်ပွဲကစား လေးဂိုးနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ သုံးပွဲကစား နှစ်ဂိုး သွင်းယူပေးထားသည်။ ၎င်းအနေဖြင့် တစ်လဝန်းကျင် အနားယူရမည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲနှင့် ချန်ပီယံလိဂ်တစ်ပွဲ လွဲချော်ဖွယ်ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular