ဘိုင်ယန်မြူးနစ် – ဖရိုင်းဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၀၀ နာရီ)
ဘွန်ဒစ်လီဂါမှာ ဖရန့်ဖတ်၊ ဂျာမန်ဖလားမှာ မိုချန်ဂလာဘတ်အသင်းတွေကို အရေးနိမ့်ခဲ့တာက ဘိုင်ယန်အသင်းအတွက် Block ဖြစ်ခဲ့တာကလွဲလို့ ရလဒ်ပိုင်းမယိုင်ဘဲ ချက်ချင်းပြန်လာနိုင်တာ တွေ့ရတယ်။ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းနှုန်းကလည်း မကျသွားတဲ့အပြင် တောင်ပံကစားသမား ဆာနေးရဲ့အခန်းကဏ္ဍကလည်း အသင်းမှာ တဖြည်းဖြည်း ပိုကြီးမားလာတယ်။ ဖရိုင်းဘတ်ကလည်း ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတဲ့အသင်းပါ။ ဖရိုင်းဘတ်အသင်း (၃)ဂိုးပြတ်တော့ မရှုံးနိုင်ဘူး။
ဝုလ်ဖ်ဘတ် – အော့စ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း နိုင်ပွဲပြန်ရထားပေမဲ့ ပွဲပန်းနေတာ သတိပြုရမှာပါ။ ဂိုးပြတ်ရှုံးဖို့မရှိတဲ့ အော့စ်ဘတ်အသင်းကိုပဲ ရွေးချယ်ချင်တယ်။
စတုဂတ် – အာမီးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၀၀ နာရီ)
စတုဂတ်က နောက်ဆုံးပွဲမှာ ဂိုးပြတ်ရှုံးပြီး ရှုံးပွဲပြန်တွေ့ခဲ့ ရတယ်။ အာမီးနီးယားရဲ့ လက်ရှိခြေစွမ်းမျိုးနဲ့ စတုဂတ် နိုင်ပွဲပြန်ရဖို့များတယ်။
ဘိုဟုမ် – ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်အသင်း ရှုံးပွဲပြန်တွေ့သွားပေမဲ့ ခြေစွမ်းပိုင်းက ယိုင်သွားမယ့်အနေအထား မရှိပါဘူး။ အိမ်ကွင်းမှာ ဘိုဟုမ် အမှတ်ရနိုင်တယ်။
လိုက်ပ်ဇစ် – ဒေါ့မွန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၁၂:၀၀ နာရီ)
အံ့အားသင့်စရာကောင်းတာက ဒီနှစ်သင်းအကြား နောက်ပိုင်းတွေ့ဆုံတဲ့ ရလဒ်ပိုင်းတွေပါပဲ။ ပြိုင်ပွဲစုံနောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့ (၈)ပွဲမှာ ဒေါ့မွန်အသင်းက (၆)ပွဲနိုင်ပြီး (၂)ပွဲ သရေကျကာ ရှုံးပွဲလုံးဝမရှိတဲ့အထိ အပြတ်အသတ်အသာစီးယူထားတာ တွေ့ရတယ်။ လက်ရှိ ဘွန်ဒစ်လီဂါရလဒ်ပိုင်းမှာ ဒေါ့မွန်က နောက်ဆုံး(၄)ပွဲဆက် အနိုင်ရထားသလို၊ လိုက်ပ်ဇစ်ကလည်း (၆)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။ ဟော်လန်း မပါဝင်နိုင်တော့တဲ့ ဒေါ့မွန်တိုက်စစ်ပိုင်းက ကျဉ်းထဲကျပ်ထဲမှာ အားကိုးလို့မရပေမဲ့ သရေလောက်တော့ မျှော်လင့်ချက်ရှိပါတယ်။