အေစီမီလန် – ပေါ်တို (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)
အေစီမီလန်က ပြည်တွင်းလိဂ်မှာ အကောင်းဆုံးပုံစံပြ သနေပြီး ချန်ပီယံလိဂ်မှာတော့ ထင်သလောက် ရလဒ်မကောင်း သေးဘူး။ ဒါပေမဲ့ စုစည်းမှုကောင်းပြီး အရည်အသွေးမြင့်တဲ့ အသင်းတစ်သင်းအနေနဲ့ အေစီမီလန်က မျှော်လင့်ခွင့်ရှိနေပါ သေးတယ်။ အထူးသဖြင့် ပေါ်တိုကွင်းမှာကစားခဲ့တုန်းက ရှုံးပွဲ တွေ့ခဲ့ပေမဲ့ အေစီမီလန်ကစားခဲ့တဲ့ ခြေစွမ်းက အားရစရာ ကောင်းပါတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ အေစီမီလန် ခြေစွမ်းပြ နိုင်ပြီး နိုင်ပွဲပြန်ယူလိမ့်မယ်ထင်တယ်။
ရီးယဲလ်မက်ဒရစ် – ရှက်တာဒိုးနက် (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)
ရှာရစ်ဖ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရီးယဲလ် မက်ဒရစ်က ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေနဲ့ ပြန်တုံ့ပြန် နိုင်ခဲ့တာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ပွဲမှာ ရှက်တာဒိုးနက်ကို အ ဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး မနှစ်က အရှက်တကွဲဖြစ်ခဲ့တဲ့ ရလဒ်တွေကိုပါ ချေဖျက်ပြနိုင်ခဲ့တယ်။ ရှက်တာဒိုးနက်က အ ရမ်းအားနည်းတဲ့အသင်းမျိုးတော့ မဟုတ်ဘူး။ ပုံမှန်အားဖြင့် တည်ငြိမ်ပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ ဒီပွဲကတော့ အကြိတ်အနယ်ရှိနိုင်တယ်။ ရီးယဲလ် ကပ်နိုင်မယ်ထင်တယ်။
မန်စီးတီး – ကလပ်ဘရုဂေး (ကြာသပတေးနံနက် ၂း၃၀ နာရီ)
မန်စီးတီးက နိုင်ပွဲတွေဆက်တိုက်ယူခဲ့ပြီးမှ နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာကို တွေ့ရတယ်။ ဝက်စ်ဟမ်းကို ဖလားပွဲမှာ အရှုံးပေးခဲ့ရသလို၊ လိဂ်ပွဲမှာလည်း ပဲလေ့စ်ကို ဂိုးမသွင်းနိုင်ဘဲ ရှုံးခဲ့ပြန်တယ်။ ဒီပွဲမှာသာ ဂိုးပေါက် ထပ်ပျောက်ရင် ပြိုင်ပွဲ (၃)မျိုး၊ ရလဒ်ဆိုး (၃)ပွဲဖြစ်သွားလိမ့် မယ်။ မန်စီးတီးရဲ့တိုက်စစ်က ယုံကြည်မှုနည်းနည်းကျဆင်းလာ တာမှန်ပေမဲ့ အားကောင်းနေဆဲပါ။ ရလဒ်ဆိုးတွေကိုလည်း ဂွါ ဒီယိုလာ ပြန်ထိန်းနိုင်ပါတယ်။ နိုင်ပွဲပြန်ယူလိမ့်မယ်။
လိုက်ပ်ဇစ် – PSG (ကြာသပတေးနံနက် ၂း၃၀ နာရီ)
PSG က အိမ်ကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်ဆိုပေမဲ့ တော်တော်လေး ခက်ခက်ခဲခဲကစားခဲ့ရတာကို တွေ့ရတယ်။ စုဖွဲ့မှုအပိုင်းမှာ PSG ထက် လိုက်ပ်ဇစ်ကတောင် ပိုကောင်းခဲ့ သေးတယ်။ PSG မှာ နာမည်ကြီးကစားသမားတွေများပြီး အ သင်းလိုက်ဟန်ချက်ညီမှု အားနည်းချက်ရှိတယ်။ ဒါပေမဲ့ အရည် အသွေးမြင့်ကစားသမားတွေက ပွဲအဖြေကို အချိန်မရွေးပြောင်း နိုင်ပြီး ကစားပုံညံ့ရင်တောင် နိုင်ပွဲယူနိုင်တဲ့ ခြေစွမ်းမျိုးရှိပါတယ်။ ဒါကြောင့် PSG ကိုပဲ ကြိုက်တယ်။
လီဗာပူးလ် – အက်သလက်တီကို (ကြာသပတေးနံနက် ၂း၃၀ နာရီ)
အက်သလက်တီကိုက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ ကစားပုံတော်တော်လေးကောင်းမွန်ခဲ့တာ တွေ့ရတယ်။ ဒီနှစ်သင်းကြားမှာ ခြေစွမ်းပိုင်းကွာဟမှု သိပ်မရှိဘူးလို့ဆိုနိုင်ပြီး အမှားများတဲ့အသင်း ပေးဆပ်ရမှာပဲ။ ပုံမှန်အားဖြင့် အက်သလက်တီကိုရဲ့ခံစစ်ကစားပုံက မာကျောပေမဲ့ လီဗာပူးလ်တိုက်စစ်က ပြီးခဲ့တဲ့ပွဲမှာ ကောင်းကောင်းကျော်ဖြတ်ပြခဲ့တယ်။ ဒါပေမဲ့ အက်သလက်တီကိုရဲ့တိုက်စစ်ကိုလည်း လီဗာပူးလ် ထိန်းချုပ်ရခက်ခဲ့တယ်။ ဒီပွဲမှာတော့ နှစ်သင်းစလုံးက ခံစစ်ပိုင်း အမှားတွေကို ပိုပြီးအာရုံစိုက်လာနိုင်တယ်။ နောက်တစ်ချက်က အန်ဖီးလ်ကွင်းမှာ ဒီနှစ်သင်းရဲ့ မဟာဗျူဟာနဲ့ ကစားဟန်က လည်း အထိုင်ငြိမ်ဖို့ကို ဦးစားပေးနိုင်တယ်။ ဂိုးနည်းနည်းနဲ့ သရေကျသွားနိုင်တယ်။
ဒေါ့မွန် – အေဂျက်စ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ပြီးခဲ့တဲ့ပွဲစဉ်တုန်းက ဒီနှစ်သင်းရဲ့ ရလဒ်က ဘောလုံး ကမ္ဘာကို အံ့အားသင့်စေတဲ့ ရလဒ်မျိုးဖြစ်ခဲ့တယ်။ ဒေါ့မွန်လို စု စည်းမာကျောပြီး တိုက်စစ်ထက်မြက်တဲ့အသင်းမျိုးကို အေ ဂျက်စ် ပညာပေးခဲ့ပုံက မယုံနိုင်စရာဖြစ်တယ်။ ဒါပေမဲ့ အေ ဂျက်စ်နဲ့ပွဲက အရှုံးကနေ ဒေါ့မွန် ချက်ချင်း Bounce Back ပြန် လုပ်နိုင်ခဲ့တာလည်း တွေ့ရတယ်။ အခု အိမ်ကွင်းမှာ ပြန်ရင် ဆိုင်မယ့်ပွဲမှာလည်း အေဂျက်စ်ကို လက်စားချေဖို့ ကြိုးစားလိမ့် မယ်။ ဂိုးပြတ်မဟုတ်ရင်တောင် ဒေ့ါမွန် နိုင်ပွဲရမှာပါ။
စပို့တင်းလစ္စဘွန်း – ဘက်ဆစ်တက် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
စပို့တင်းလစ္စဘွန်းက ပေါ်တူဂီရဲ့ အားကောင်းတဲ့အသင်း တစ်သင်းဖြစ်တယ်။ အရည်အသွေးမြင့်သလို၊ အတွေ့အကြုံ လည်း ရင့်တယ်။ ဘက်ဆစ်တက်က ပုံမှန်အားဖြင့်တော့ မာ ကျောတဲ့အသင်းတစ်သင်းပါ။ စပို့တင်းလစ္စဘွန်းရဲ့ ခြေစွမ်း၊ အ ဆင့်အတန်းကို မမီဘူးဆိုရင်တောင် ခံကစားနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ပထမအကျော့တုန်းက အိမ်ကွင်းပွဲမှာ ဂိုးပြတ်ရှုံးခဲ့တာ က မယုံနိုင်စရာဖြစ်တယ်။ အခုပွဲတော့ ဒီလိုရလဒ်မျိုး ထပ်မဖြစ် လောက်တော့ဘူးလို့လည်း ယူဆရတယ်။ (၁-ဝ)လောက်ပါပဲ။
ရှာရစ်ဖ် – အင်တာမီလန် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ရှာရစ်ဖ်က သမိုင်းတွင်တဲ့ ရလဒ်မျိုးတွေ ယူပြခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ အင်တာမီလန်ကို ဂိုးပြတ်အရှုံး ပေးခဲ့ရတယ်။ အခု အိမ်ကွင်းမှာ ပြန်ကစားရမှာဖြစ်လို့ မျှော် လင့်ချက်ရှိပါတယ်။ အသင်းငယ်လေးတစ်သင်းသာ ဖြစ်ပေမဲ့ မထင်မှတ်တာတွေကို အကြိမ်ကြိမ်လုပ်ပြခဲ့တဲ့ အသင်းတစ် သင်းအနေနဲ့ ဒီပွဲမှာ ဘာတွေလုပ်ပြဦးမလဲဆိုတာကို စောင့် ကြည့်ရမယ်။ အင်တာမီလန်ကတော့ ပြီးခဲ့တဲ့နိုင်ပွဲကြောင့် ယုံ ကြည်ချက် ပိုရှိနေနိုင်ပါတယ်။ အင်တာကိုကြိုက်တယ်။