spot_img

ပွဲအပြီးလက်ဆွဲနှုတ်ဆက်ရန် ဆီမြွန်နီ ပျက်ကွက်ခဲ့ခြင်းအပေါ် ဒေါသထွက်နေသည်ဟူသော စပိန်ဂျာနယ်လစ်၏ပြောဆိုမှုကို ကလော့ပ် ငြင်းဆန်ပယ်ချ

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သောချန်ပီယံလိဂ်ပွဲစဉ် အက်သလက်တီကိုမက်ဒရစ်(၂-၃)လီဗာပူးလ်ပွဲအပြီးတွင် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက လက်ဆွဲနှုတ်ဆက်မှုမပြုခဲ့ခြင်းအပေါ် မိမိဒေါသမထွက်ခဲ့ဟု လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်က ပြောကြားခဲ့ပြီး၊ ယင်းကဲ့သို့ မိမိအားစွပ်စွဲပြောဆိုခြင်းကိုသာ ဒေါသထွက်စိတ်ဆိုးမိကြောင်း စပိန်ဂျာနယ်လစ်တစ်ဦးကို မကျေမနပ်ပြောကြားခဲ့သည်။

ယင်းပွဲအပြီးတွင် နှစ်ဖက်အသင်းနည်းပြများမှာ ပုံမှန်အတိုင်း လက်ဆွဲနှုတ်ဆက်ရမည်ဖြစ်သော်လည်း ဆီမြွန်နီသည် မည်သူ့ကိုမှ နှုတ်ဆက်ခြင်းမရှိဘဲ ပွဲကြည့်စင်အောက် ဥမင်လမ်းအတွင်း ပြေးဝင်သွားခဲ့သည်။

myan789

ကလော့ပ်ကမူ အနီးရှိသူများအား လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စပိန်ဂျာနယ်လစ်က ပွဲအပြီး အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းစပိန်ဂျာနယ်လစ်က ပွဲအပြီး ဆီမြွန်နီ လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့၍ ကလော့ပ်မှာ စိတ်ဆိုးဒေါသထွက်နေပုံရကြောင်း ပြောကြားခဲ့ရာ ၎င်းက “ကျွန်တော်က ဘာလို့စိတ်ဆိုးရမှာလဲ။ ကျွန်တော်က ဒီလို ငတုံးငအမျိုး မဟုတ်ဘူး။ ကျွန်တော်စိတ်ဆိုးစရာအကြောင်း ဘာမှမရှိဘူး။ ဒီမှာကြည့်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ခင်ဗျားက ပုံပြင်တစ်ပုဒ် ဖန်တီးချင်နေတာကို ကျွန်တော်သိနေတယ်။ ကျွန်တော်က လက်ဆွဲနှုတ်ဆက်ချင်တယ်။ သူ(ဆီမြွန်နီ)က လက်ဆွဲမနှုတ်ဆက်ချင်ဘူး။ ဒီအချိန်မှာ ဒါကို ကျွန်တော် နားလည်ပေးနိုင်တယ်။ သူက အထဲကို ပြေးဝင်သွားတယ်။ သူလည်းစိတ်လှုပ်ရှားနေတယ်။ ကျွန်တော်လည်း စိတ်လှုပ်ရှားနေတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ လူကောင်းတစ်ယောက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါကို ပုံပြင်လုပ်ချင်နေလို့ပဲ။ ကျွန်တော်စိတ်ဆိုးခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ်။ တကယ်က ခင်ဗျားရဲ့မေးခွန်းကြောင့် အခုမှ ကျွန်တော်စိတ်ဆိုးနေတာ”ဟု ဒေါသတကြီး ဖြေကြားသွားခဲ့သည်။

ယင်းပွဲအားရုပ်သံမှ ဝေဖန်သုံးသပ်နေသော အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သည့် ပီတာခရော့ချ်နှင့် လက်စကော့တို့က လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သော အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီအား ပြင်း ပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သူရဲဘောကြောင်သူဟု လက်စကော့က စွပ်စွဲဝေဖန်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular