spot_img

စီရော်နယ်လ်ဒိုသည် မန်စီးတီး၊ ဘာစီလိုနာအသင်းများသို့ မည်သည့်အခါမျှ ပြောင်းရွှေ့လိမ့်မည်မဟုတ်ဟု အသင်းဖော်ဟောင်း ဖာဘီယို ဖွင့်ဟ

နာမည်ကြီးဘောလုံးသမား စီရော် နယ်လ်ဒိုသည် မန်စီးတီး၊ ဘာစီလိုနာအသင်းများသို့ မည်သည့်အခါမျှ ပြောင်းရွှေ့လိမ့်မည်မဟုတ်ဟု မန်ယူအသင်းဖော်ဟောင်းဖြစ်သည့် ဖာဘီယိုဒါဆေးလ်ဗားက ထုတ်ဖော်ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလ ပြီးဆုံးခါနီးတွင် မန်စီးတီးအသင်းသို့ရောက်ရှိရန် အလွန်နီးစပ်ခဲ့ပြီးမှ ဂန္ထဝင်နည်းပြ ဖာဂူဆန်၏တိုက်တွန်းမှုကြောင့် မန်ယူအသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

myan789

သို့သော် ဖာဘီယိုက မန်စီးတီးအသင်းနှင့် သတင်းများသည် အေးဂျင့် ဂျော့ချ်မန်ဒက်စ်က လူစိတ်စားအောင်လုပ်ဆောင်မှုများသာဖြစ်သည်ဟု ယူဆပြီး စီရော်နယ်လ်ဒိုအနေဖြင့် သူ၏ဂုဏ်သတင်းကို ထိခိုက်ခံကာ ယင်းအပြောင်းအရွှေ့ကို စဉ်းစားလိမ့်မည်ဟု ယုံကြည်လျက်ရှိနေသည်။

ထို့ ကြောင့် ဖာဘီယိုက ESPN သတင်းဌာနနှင့် တွေ့ဆုံမှုတွင် စီရော်နယ်လ်ဒိုအနေဖြင့် သူ၏ဂုဏ်သိက္ခာကို စွန်းထင်းခံပြီး မန်ယူ၊ ရီးယဲလ်မက်ဒရစ်အသင်းများ၏ ခါးသီးသောမြို့ခံပြိုင်ဘက်အသင်းများဖြစ်သည့် မန်စီးတီး၊ ဘာစီလိုနာအသင်းများသို့ မည်သည့်အခါမျှ ပြောင်းရွှေ့ဖြစ်လိမ့်မည်မဟုတ်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတွင် စီရော်နယ်လ်ဒိုနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အတူတွဲကစားခဲ့ဖူးပြီး လက်ရှိတွင် ပြင်သစ်ကလပ် နန့်စ်အသင်းတွင်ကစားနေသူ ဖာဘီယိုက “ဒါနဲ့(စီရော်နယ်လ်ဒို၏ မန်စီးတီးအသင်းသို့ အပြောင်းအရွှေ့)ပတ်သက်ပြီး ကျွန်တော် စိတ်ကူးလို့တောင် မရပါဘူး။ တခြားသူတွေက ဒီအကြောင်း ပြောလာချိန်မှာ ကျွန်တော် ယုံ လည်းမယုံပါဘူး။ ပတ်ဒရို(နန့်စ်အသင်းဖော်)က မန်စီးတီးနဲ့ စီရော်နယ်လ်ဒိုအပြောင်းအရွှေ့ အပြီးသတ်ခဲ့ပြီလို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ကျွန်တော်က ဒါဟာ မဖြစ်နိုင်သလို၊ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ယုံကြည်စရာမရှိဘူးလို့ ပြန်ပြောခဲ့တယ်။ ယူနိုက်တက်အသင်းနဲ့အတူ ရှိခဲ့တဲ့သမိုင်းကြောင်းက သူ့အတွက် စီးတီးအသင်းမှာ ရဲဲရဲဝံ့ဝံ့ကစားနိုင်ဖို့ဆို တာ ခက်ခဲမှာပါ။ ထို့နည်းတူစွာပဲ သူဟာ ဘာစီလိုနာအသင်းအတွက် ကစားမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်။ သူဟာ ရောက်ခဲ့တဲ့နေရာတိုင်းမှာ သမိုင်းတန်ဖိုးကြီးမားတဲ့ အရာတွေကို ဖန်တီးနိုင်ခဲ့တယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ သူ့အိပ်မက်အသင်းတွေဖြစ်တဲ့ မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေမှာလည်း သူအလိုရှိတဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ သမိုင်းကြောင်းကို ဘာကြောင့်စွန်းထင်းခံဖို့ မရှိသလဲဆိုတဲ့ ကျွန်တော့်ယူဆချက်ရဲ့အဖြေပါပဲ”ဟု ပြောကြားခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ် သူ စီရော်နယ်လ်ဒိုသည် လက်ရှိတွင် မန်ယူအသင်းနှင့် နှစ်နှစ်စာချုပ်ချုပ်ဆိုထားပြီး သူ ၏အသက် ၄၀ နှစ်ပြည့်သည့်နောက်ပိုင်းအထိ ဘောလုံးကစားသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular