၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင် အမေရိကဇုန်ပွဲစဉ်များကို မြန်မာစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားရာ ဇယားထိပ်ဆုံးမှ ဘရာဇီးလ်အသင်း ဂိုးပြတ်နိုင်ပွဲပြန်လည်ရရှိပြီး လက်ကျန်တစ်ပွဲ အနိုင်ရပါက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
၏ပြီးခဲ့သည့် တနင်္လာနေ့က ကိုလံဘီယာ နှင့် ဂိုးမရှိသရေကျပြီး ရာနှုန်းပြည့်နိုင်ပွဲဆက် ၏မှု ရပ်တန့်သွားသည့် ဘရာဇီးလ်အသင်းသည် ဥရုဂွေးအသင်းအား အိမ်ကွင်း၌ (၄-၁) ဂိုးဖြင့် အနိုင်ယူကာ နိုင်ပွဲပြန်လည်ရရှိခဲ့သည်။
ဘရာဇီးလ်အသင်းအတွက် နေမာနှင့် ရာဖင်ညာတို့ ခြေစွမ်းပြခဲ့ပြီး နေမာက ၁၀ မိနစ်တွင် အဖွင့် ဂိုးသွင်းယူပေးသလို တတိယဂိုးနှင့် စတုတ္ထဂိုး ကိုလည်း ဖန်တီးပေးခဲ့သည်။ လက်ကျန်ဂိုးများ ကို ရာဖင်ညာက ၁၈၊ ၅၈ မိနစ်နှင့် ဂါဘရီယဲလ် ဘာဘိုဆာက ၈၃ မိနစ်တွင် သွင်းယူခဲ့ပြီး ဥရု ဂွေးအတွက် ဆွာရက်ဇ်က ၇၇ မိနစ်တွင် တစ် ဂိုးပြန်လည်ချေပခဲ့သည်။
ဘရာဇီးလ်အသင်း သည် ယခုပွဲရလဒ်ကြောင့် တစ်ပွဲလျော့ ၃၁ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး လက်ကျန် ခုနစ်ပွဲအနက် တစ်ပွဲအနိုင်ရရုံဖြင့် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။