spot_img

စတာလင်အတွက် ပွဲထွက်ခွင့် အာမခံချက်မရှိသော်လည်း ပျော်ရွှင်စေလိုကြောင်း ဂွါဒီယိုလာ တုံ့ပြန်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့် စတာလင်အတွက် ပွဲထွက်ကစားခွင့် အာမခံချက် မရှိသော်လည်း ၎င်းအပါအဝင် အားလုံးကို ပျော်ရွှင်စေလိုကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစား သမားဖြစ်သူ စတာလင်သည် ယခုရာသီ ပရီး မီးယားလိဂ်ပြိုင်ပွဲတွင် ပုံမှန်ကစားခွင့်မရဘဲ ရုန်းကန်နေရသဖြင့် မပျော်မရွှင်ဖြစ်နေပြီး အခွင့်အရေးရပါက ပြည်ပသို့သွားရောက် ကစားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

myan789

သို့ဖြစ်ရာ ဂွါဒီယိုလာ က “ရာဟင်မ်က ကျွန်တော်တို့ကစားသမားပါ။ သူက ကျွန်တော်တို့အတွက် မယုံနိုင်စရာ ကောင်းအောင် အရေးပါတဲ့သူဖြစ်လိမ့်မယ် လို့ မျှော်လင့်ထားပါတယ်။ တချို့ကစားသမား တွေက အမြဲတမ်း ကစားခွင့်ရချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ အဲဒါကို အာမမခံနိုင်ပါဘူး။ မြက်ခင်းပြင်ပေါ်မှာပဲ သူတို့ကိုစကားပြောသွားမှာပါ။ ဒါက ရာဟင်မ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကစား သမားအားလုံးပါပဲ။ သူတို့ဆီမှာ အခွင့်အရေး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲကစားခွင့် ရမယ်ဆိုတာ သူတို့ကိုယ်တိုင်သိထားလို့ပါ။ ကျွန်တော်က ကစားသမား ၁၁ ဦးတည်း အသုံးပြုတာ မဟုတ်ပါဘူး။ ကစားသမား အားလုံးကို အသုံးပြုနေတာပါ။ ရာဟင်မ်လိုပဲ အားလုံးဆီက ရချင်တာကတော့ ပျော်ရွှင်မှု ပါပဲ။ သူက တိုက်စစ်သုံးနေရာမှာ ဘယ်နေရာ ဖြစ်ဖြစ် ကစားနိုင်အောင် အရည်အသွေးအား လုံးပြည့်ဝတဲ့သူပါ” ဟု တုံ့ပြန်ပြောကြားခဲ့သည်။

စတာလင်နှင့် မန်စီးတီးအသင်း၏ စာ ချုပ်မှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးပြီး ဘာစီလိုနာအသင်းက ဇန်နဝါရီတွင် အငှား ဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular