spot_img

စီရော်နယ်လ်ဒို၏ ပွဲကစားခွင့်ကို မိမိဆုံးဖြတ်မည်ဟု ဆိုးလ်ရှား ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ပွဲကစားခွင့်နှင်ပတ်သက်ပြီး မိမိဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် အောက်တိုဘာ (၂)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ချက်စတာယူနိုက်တက် (၁-၁) အဲဗာတန်ပွဲတွင် စီရော်နယ်လ်ဒိုကို ပွဲထွက်ခွင့်မပေးခဲ့ဘဲ ပွဲချိန် (၅၇)မိနစ်တွင်မှ ကာဗာနီအစား လူစားဝင်ကစားစေခဲ့သည်။

myan789

ယင်းပွဲအပြီးတွင် ပွဲထွက်ခွင့်မရခဲ့သည့်အတွက် စိတ်ဆိုးဒေါသထွက်နေသည့် စီရော်နယ်လ်ဒိုကို မြင်တွေ့ခဲ့ရသလို၊ စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းတွင် အသုံးမပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်း ဂန္ထဝင်နည်းပြ ဖာဂူဆန်အပါအဝင် ဘောလုံးကျွမ်းကျင်သူများက ဝေဖန်ခဲ့ကြသည်။

သို့သော် ဆိုးလ်ရှားက မိမိမှာ နည်းပြဖြစ်ပြီး ကစားသမားများ၏ ပွဲကစားခွင့်ကို ဆုံးဖြတ်ပိုင်ခွင့်အပြည့်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ရှားက “ကျွန်တော်က မန်နေဂျာပါ။ အသင်းအတွက် ကစားသမားတွေကို စီမံခန့်ခွဲတာက ကျွန်တော့်ရဲ့အလုပ်ပဲ။ စီရော်နယ်လ်ဒိုကို ပိုင်ဆိုင်ထားတာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ကွင်းအတွင်းမှာ အသင်းအတွက် အကောင်းဆုံးအရာတွေကို ယူဆောင်လာပေးလို့ပါပဲ။ စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းက ချန်ထားဖို့ ခက်ပါတယ်။ လူတိုင်းကလည်း သူပွဲကစားတာကို မြင်ချင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ပွဲဆက်တွေများလာတဲ့အခါ ပွဲထွက်စာရင်းကို အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။ ကစားသမားတွေအနေနဲ့ ရာသီကုန်အထိ ခြေစွမ်းပြနိုင်ဖို့လိုတာကြောင့် အလှည့်ကျစနစ်ကို ကျွန်တော်တို့ အသုံးပြုတာပါ”ဟု ဆိုခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ယခုရာသီအစပိုင်းတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြန်လည်ပြောင်းရွှေ့လာပြီးနောက် အသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်သည်။

၎င်းသည် ယခုရာသီတွင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲတွင် (၅)ဂိုး သွင်းယူထားသလို၊ ပရီးမီးယားလိဂ် (၄)ပွဲတွင် (၃)ဂိုးသွင်းယူထားပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular